I Am Yours [ 2 ]

9.2K 1K 108
                                    


ကျောင်းဝန်းနဲ့တဆက်​ထဲ ရှိ​နေသည့်​ ၇ထပ်​တိုက်
အ​ဆောင်​ကြီးက ထင်​ထားတာထက်​အဆ​ပေါင်းများစွာ
ကြီးကျယ်​​နေပြန်​တယ်​ ။ KyungWon ထဲက
အ​ဆောက်​အဦး​တွေက တကယ့်​ ​ကြီးကျယ်​လှပါတယ်​။
ဓာက်​​လှေကားနဲ့တက်​သွားရင်​ရပါလျက်​နဲ့ နှစ်​​ယောက်
သား ​လှေကားအတိုင်​သား​တက်​လာခဲ့လိုက်​တယ်​ ။
ဒုတိယအထပ်​မှာလား တတိယအထပ်​မှာလားမသိ​သေး
တဲ့အခန်းနံပါတ်​ကိုလိုက်​ရှာရင်း နှစ်​​ယောက်​သားအူ
လည်​လည်​ဖြစ်​​နေရတယ်​ ။ အ​ဆောင်​ကို​ပြောင်းလာ
တဲ့လူလဲသိပ်​မရှိ​သေးတာမို့ တိတ်​ဆိတ်​ကာ​ခြေသံ​တွေ
ကိုပင်​အတိုင်းသားကြား​နေရတယ်​။

" တတိယအထပ်​မှာ ထင်​တယ်​ မင်​​ဆော့ရ"

နှစ်​​ယောက်​သား အခန်းနံပါတ်​ကိုလိုက်​စစ်​ရှာရင်း
တတိယထပ်​ရဲ့ ​ဘယ်​ဘက်​​ဘေးအစွန်​ကအခန်းကို
ရောက်​လာ​တော့တယ်​ ။

" ဒီမှာပဲ မင်​​ဆော့ မဆိုးဘူးကွ ​ဘေးအစွန်​ဘက်​အခန်း
ရတာ ! "

ဂျင်​ဝူးက အခန်းတံခါးကို​မှာကပ်​ထားတဲ့ နာမည်​နှစ်​ခု
ကို ကြည့်​ရင်း သက်​ပြင်း​မောချလိုက်​တယ်​။ မင်​​ဆော့
က စီနီယာဆယ်​ဟွန်းနဲ့​နေရမှာပါလားလို့​တွေးရင်း
ပူပန်​မိလာတယ်​  ။ မင်​​ဆော့ ကံဆိုးတယ်​လို့ပဲ​ပြောရ
မလား ။

" မသိ​တော့ဘူးကွာ စီနီယာအိုဆယ်​ဟွန်းက ဘယ်​လို
လူမျိုးလဲကွာ တကယ့်​အပြာဝတ်​စုံနဲ့လူနဲ့မှတခန်းထဲ
အတူကျရတယ်​လို့ ငါ​တော့​သေပြီထင်​တယ်​ သူက
မင်းအစ်​ကိုစီနီယာချန်း​ယောလ်​ထက်​ဆိုးလား "

အခန်းနံရံကို​ကျောမှီကာ မင်​​ဆော့ကညည်းညူပြန်
တယ်​ ။ ဒီတ​နေ့ထဲနဲ့တင်​သူညည်းညူ​နေတာဘယ်​နှခါ
လောက်​​တောင်​ရှိ​နေ​ပြီလဲ ။ သူကိုကကံဆိုးတာပါ ။

မျက်​နှာချင်းဆိုင်​အခန်းက တံခါးပွင့်​လာပြီး စီနီယာရန်
ထွက်​လာတာ​ကြောင့်​ နှစ်​​ယောက်​သား​ကျောမှီထားရာ
က​နေခွာပြီးမတ်​တပ်​ရပ်​လိုက်​ကြတယ်​ ။ ခပ်​တည်
တည်​မျက်​နှာထားနဲ့​တောင်​ စီနီယာရန်​ကမိန်းမရှုံး
အောင်​​ချော​နေတုန်းပဲ ။ ​ရွှေဝါ​ရောင်​ဆံပင်​​တွေကို
ခေါင်းစည်းကွင်းအမည်း​လေးနဲ့စုချည်​ထား​ပေမဲ့
နားထင်​နားမှာကျ​နေတဲ့ဆံပင်​စ​လေး​တွေကိုနားရွက်
နောက်​ကိုသိမ်းကာညှပ်​ထားတယ်​ ။

I Am Yours Donde viven las historias. Descúbrelo ahora