I Am Yours [ 24 ]
8.6K 1K 83
အခုအ​ခြေအ​နေက အ​ဆောင်​​နေအခန်း​တွေအတွင်းမှာ
ပြည့်​သိပ်​​ရောက်​​နေတဲ့ ပထမနှစ်​​ကျောင်းသား​တွေက
ဆူညံပွတ်​​လောရိုက်​​နေကြတယ်​ ။  ဒဏ်​ရာဒဏ်​ချက်
တွေရှိ​နေကြလို့ အ​ဆောင်​မ​နေတဲ့​ကျောင်းသား​တွေက
အိမ်​မပြန်​ရဲကြလို့.  အ​ဆောင်​အခန်း​တွေထဲအကုန်​​ပြေး
ဝင်​​ကြ​တော့တာပဲ  ။  KyungWon ​ကျောင်းသား
တွေက အိမ်​မှာဆိုမခုတ်​တတ်​တဲ့​ကြောင်​သူ​တော်​​လေး
တွေလုပ်​​နေကြပြီး  အပြင်​​ရောက်​တာနဲ့. တကယ့်​ကျား
တွေဖြစ်​ကုန်​ကြတဲ့အ​ကောင်​​တွေပါပဲ ။  စီနီယာ​တွေရဲ့
အခန်းတိုင်းမှာ ​ကျောင်းသား​တွေအကုန်​ပြည့်​နှက်
တ​ယောက်​နဲ့တ​ယောက်​အပြန်​အလှန်​​ဆေးလူး​ပေးရင်း
အော်​ဟစ်​​နေကြသည်​ ။  
ပြည့်​သိပ်​​နေတဲ့အခန်းတွင်းအ​ခြေအ​နေကို မင်​​​ဆော့ဟာ တချက်​​ဝေ့ကြည့်​လိုက်​ရင်း  အိပ်​စရာ
ဘုံ​ပျောက်​မည့်​အ​ရေးကို  ​တွေးပြီး ရင်​​လေးသွား​တယ်​။
အဓိက​ကောင်​က​တော့  ပတ်​ဂျင်​ဝူးပါပဲ ။ကုတင်​​ပေါ်မှာ
ဝမ်းလျား​မှောက်​ထားပြီး  ​ကျောပြင်​က​​ဒဏ်​ရာကို
ဆေးလိမ်းခံဖို့.  အသင့်​ဇိမ်​ခံပြီး​စောင့်​​နေတယ်​ ။
သူတို့ရဲ့အခန်းထဲမှာ   စီနီယာချန်း​ယောလ်​​၊စီနီယာ
ဘတ်​ဟျွန်းတို့အပြင်​တခြားပထမနှစ်​​ကျောင်းသားတချို့နဲ့.   ရန်​ဖြစ်​တဲ့လူစာရင်းထဲမှာပါသည့်​​ခေါင်း​ဆောင်
ဒုတိယနှစ်​စီနီယာ​တွေလဲရှိ​နေသည်​ ။  ​ခေါင်း​ဆောင်
အ​နေနဲ့လိုက်​​ပါ​ပေးပြီးရန်​ဖြစ်​ခဲ့တဲ့အတွက်​​ကြောင့်
ဒုတိယနှစ်​စီနီယာ​တွေဟာ   စီနီယာချန်း​ယောလ်​နဲ့
စီနီယာ​ဂျောင်​ဟိုတို့ရဲ့​ရှေ့မှာလက်​ကို​နောက်​ပစ်​၊
ခေါင်းကိုငုံ့ကာ   အပြစ်​လုပ်​ထားသူပမာ  အ​ဆူခံဖို့
မတ်​တပ်​ရပ်​​နေကြသည်​   ။
ပြောစမ်း  ​ဟေ့​ကောင်​​တွေ   "
စီနီယာ​ဂျောင်​ဟိုရဲ့​​အော်​လိုက်​တဲ့အသံ​ကြောင့်​ အသံဆူ
နေတဲ့အခန်းတိုင်းက.  ပထမနှစ်​​ကျောင်း​တွေရဲ့အသံ
တွေက. မီးကို​ရေနှင့်​ငြိမ်းသတ်​လိုက်​ပမာ ။ အပ်​ကျသံ
ပင်​ကြားရ​လောက်​​အောင်​တိတ်​ဆိတ်​သွား​တော့သည်​။
I Am Yours Where stories live. Discover now