I Am Yours [ 42 ]
7.5K 1K 58
အပိုင်း  ( ၄၁ ) အဆက်​  ။
ရေချိုးခန်းထဲမှာ   စီနီယာ ​ရေချိုး​နေတုန်း  သူက​တော့
စာကြည့်​စားပွဲ​ပေါ်မှာ   သပ်​သပ်​ရပ်​ရပ်​စီထားတဲ့
စီနီယာရဲ့စာအုပ်​​တွေကို  သွား​မွှေ​နှောက်​လိုက်​သည်​ ။
ရေချိုး​နေတဲ့သူကို   ​စောင့်​​နေရတာ  ပျင်းပျင်းရိရိ ရှိလှ
တာနဲ့.   စာအုပ်​တအုပ်​ယူဖတ်​လိုက်​  ၊ စားပွဲ​ပေါ်ပြန်
ပစ်​တင်​လိုက်​  ​နောက်​တအုပ်​ယူဖတ်​လိုက်​နှင့်​  အ​တော်
လေးကို  အဆင်​​ပြေ​နေသည်​   ။  ​သေ​သေသပ်​သပ်
စီရီထားတဲ့   စာအုပ်​ပုံဟာ   ယိုင်​ကျ​တော့မည်​ဟန်
ရဲ့ ​ကျောင်းစာအုပ်​​တွေကို  ဘာမှနားမလည်​​ပေမဲ့
ယူကြည့်​ပြန်​ပြီး    ​ပေါ့​ပေါ့တန်​တန်​ပဲ   မ​သေမသပ်
အ​နေအထားပြန်​တင်​  စီ​ပေးလိုက်​သည်​   ။ ဟာသ
ပုံပြင်​​တွေချည်း သီးသန့်​စာအုပ်​တအုပ်​ကို  မျက်​စိ​တွေ့
သွားတာနဲ့   ယူပြီး  စီနီယာရဲ့ကုတင်​​ပေါ် လှဲအိပ်​ပြီး
ဖတ်​​နေလိုက်​သည်​    ။ 
သိပ်​​တော့မကြာ   ။  ​ရေချိုးခန်းထဲက ထွက်​လာတဲ့
စီနီယာက.   ကုတင်​​ပေါ်မှာ   စာအုပ်​တအုပ်​နှင့်
ရယ်​​နေတဲ့    မင်​​ဆော့ဆီကို အကြည့်​​ရောက်​လာ
သည်​   ။ 
"    မင်း မပြန်​​သေးဘူးလား   "
ဆယ်​ဟွန်းရဲ့စကားကို   ကြား​တောင်​ကြားလိုက်​​လေ
သလား မသိနိုင်​​အောင်​   စာအုပ်​ဖတ်​​နေရင်း ရယ်​သံ
တွေက.   ပိုပိုကျယ်​​လောင်​လာသည်​   ။ တဟားဟား
နှင့်​    လက်​တဖက်​က  အိပ်​ယာခင်းကို တဖုန်းဖုန်း
ထရိုက်​ကာ  ရယ်​သည်​    ။   သူ့ကို  ဂရုမစိုက်​ဘဲ
ရယ်​​ကြောမပျက်​​သေးတဲ့   မင်​​ဆော့ကို  ဆယ်​ဟွန်း
ဘာမှဆက်​မ​မေးဖြစ်​​တော့   ။   အဝတ်​အစား ထုတ်
ဝတ်​လိုက်​ပြီးမှ   ကုတင်​​ဘေးကို  လာကာ  မင်​​ဆော့
လက်​ထဲက စာအုပ်​ကို   ဆွဲလုယူပစ်​လိုက်​​လေ​တော့
အရှိန်​ပျက်​သွားသည်ထင်​   ကျုံ့သွားတဲ့မျက်​ခုံး​တွေနှင့်
အကြည့်​​စူးစူး​တွေက ဒိုင်းခနဲ​ရောက်​လာသည်​   ။
I Am Yours Where stories live. Discover now