daisies ,part one; Lost and stuck

3.3K 322 1
                                    

* လမ်းပျောက်ခြင်း နှင့် နစ်မြောခြင်း*

Kyungsoo မှာ မှတ်စုစာအုပ်တစ်အုပ်ရှိတယ်။ မျက်နှာပုံတွေ နေ့စွဲတွေကို ဖျက်ညှပ်ကပ် ပြီး ထည့်ရေးထားတာ။ ပိုလာရွိုက်ပုံလေးတွေ နဲ့ အောက်နားမှာ စာအတိုလေးတွေနဲ့ရေးထားသေးတယ်။

Zitao , ဘား က တရုတ် စားပွဲထိုးအသစ် ကောင်လေး။ ဗုဒ္ဓဟူးနေ့ ညဆိုင်းပဲလုပ်တယ် (6 June 2010)

Yifan , တနင်္ဂနွေနေ့တိုင်းလာတယ်။Rhapsody In Blue ဆိုတဲ့သီချင်းတစ်ပုဒ်ပဲ တောင်းဆိုပြီး ဝီစကီတစ်ခွက်သောက်ရင်း နားထောင်တတ်တဲ့ မော်ဒယ်။ (19 December 2009)

Baekhyun လည်း မှတ်စုထဲမှာရှိနေတယ်။ ဒါပေမဲ့ သူက ပြောင်းသွားပြီ တဲ့ (6 July 2008).

ဒါက Do Kyungsoo ရဲ့ အကျဉ်းချုပ်ပဲ။ အိမ်နီးနားချင်းတွေ။ အသိအကြွမ်းရင်းနှီးသူတွေ။ သူငယ်ချင်းဟောင်းတွေ။ လူသစ်တွေ။ အားလုံးကို တိတိကျကျ ရေးပြီးမှတ်သားထားတယ်။
စာအုပ်ရဲ့ ကုန်ခါနီးနောက်ဆုံးနားက ခပ်ကုံးကုံးသဏ္ဌာန်နဲ့ ပုံတစ်ပုံ။ အုတ်နံရံကိုမှီထားတယ်။ ဒူးတစ်ဖက်ကကွေးထားပြီး တခြားခြေထောက်တစ်ဖက်တည်းနဲ့ပဲ သူ့တစ်ကိုယ်လုံးကိုထိန်းထားတယ်။ စီးကရက်တစ်လိပ်က သေးသွယ်တဲ့လက်ချောင်းရှည်ရှည်တွေကြားမှာ လျော့ရဲရဲ ရှိနေတယ်။
သူ့ မျက်နှာထားက မီးခိုးရောင်တပြေးညီ ချယ်မှုန်းထားသလို ထင်ဟပ်နေတယ်။ အဖြူရောင်မီးခိုးငွေ့အတန်းတွေက သူ့ နှုတ်ခမ်း အစွန် ကနေ ကောက်ကွေ့ထွက်လာ တယ်။ ဆံပင်တွေထဲ တိုးဝင်သွားတယ်။
မိုးဖွဲတွေကြားထဲ တိုးပျောက်သွားတယ်။
ထူးဆန်းတဲ့ အထီးကျန်မှု ကို ခံစားရတယ်။
ပုံအောက်မှာ စာလုံးနှစ်လုံးပဲ ရေးခြစ်ထားတယ်။

Neighbor , Smoking .
.....
သတင်းစာ က 2012 July 12 လို့ ရက်စွဲတပ်ထားတယ်။ အဲတာထက် အဓိက ပြောချင်တာက ဘုရားစူး Kyungsoo သိတာ က မနေ့က 2008 November 24 ပဲရှိသေးတယ်ဆိုတာပဲ ။
2012 သတင်းစာထဲရဲ့ ထိပ်ဆုံး Page ကဓာတ် ပုံထဲမှာ သူ့ဝတ်ထားတဲ့ Shirt အင်္ကျီက ကောင်းကောင်းနေရာယူထားတယ်။ သူ အႀကိဳက္ဆံုး Shirt အက်ႌ။
အလုပ္ရတုန္းက ရတဲ့ အက်ႌ ။ ဘေးတစောင်းမှာ Pororo Logo နဲ့ တကယ်ကိုပဲ ပုံအကြီးကြီးထဲမှာ ထင်ပေါ်နေတယ်။ {ဆိုလိုတာ Kyungsoo က အဲ့သတင်းစာထဲကပုံမှာပါလာတာပါ }
သူချက်ချင်းပဲ ခေါင်းစီးစာသားကိုဖတ်ကြည့်လိုက်တယ်
//Seoul မြို့လယ်ခေါင်မှာ ငွေမိုးရွာချ၍ လူထုတခဲနက် ဆူဆူပူပူဖြစ်ခြင်း//
Kyungsoo ပုံကို ထပ်ပြန်ကြည့်လိုက်တယ် ။
ဒါသေချာပေါက် သူရဲ့ Shirt အင်္ကျင်္ီပါ။
ထပ်သေသေချာချာပြောရမယ်ဆို စောန မိနစ်နှစ်ဆယ်လောက်က သူ အိပ်ရာကလိမ့်ထလာပြီး အခု သူ ဝတ်ထားတဲ့ Shirt ပဲ။
ပိုပြီးတိတိကျကျထပ်ပြောရမယ်ဆို ခုလိုသတင်းစာထဲကပုံပါ ဈေးကြီးမိုးမျှော်တိုက်ခန်းအိမ်ယာတွေဆီ ကို ဝတ်သွားဖူးတယ်လို့ သူလုံးဝ မမှတ်မိတဲ့ ပြန်စဉ်းစားကြည့်လို့မရတဲ့ shirt ပဲ ။
သူ သတင်းကိုတစ်ချက်ပြန်ဖတ်ကြည့်လိုက်တယ်။

Anterograde Tomorrow Where stories live. Discover now