daisies,part three;tomorrow (3)

1.2K 166 22
                                    

*မနက်ဖြန်*
အခန်းတံခါးရှေ့မှာ ရပ်နေရင်း Kyungsoo ဆရာဝန်ပြောလိုက်တဲ့ စကားတွေကို ပြန်ကြားနေမိတယ်။
Oxygen Treatment (အဆုတ်က မကောင်းတော့လို့သွေးထဲလှည့်ပတ်ဖို့ အောက်စီဂျင်မလုံလောက်တော့တဲ့အခါ အကူအောက်စီဂျင်ပေးတဲ့ ကုသနည်း , နှာခေါင်းမှာ အောက်စီဂျင် mask တွေအုပ်ပြီးပေးထားသလိုမျိုးလို့ မှတ်ယူလို့ရတဲ့ ကုသနည်း) နဲ့တင် မလုံလောက်တော့တဲ့အခြေအနေတဲ့။ Antibiotic
(ပဋိဇီဝ) ဆေးတွေ ဆက်ပေးနေပေမဲ့ အသဲကလည်း shut down ကျနေပြီ။ ဒါကြောင့်မို့လို့ သူ့ကို ICU (Intensive Care Unit-အရေးပေါ်ကြပ်မတ်ကုသဆောင်) ထဲမှာ ထည့်ထားဖို့ လိုအပ်နေပြီ။ ဒါပေမဲ့လည်း ဒါက သိပ်အများကြီးတော့ ရောဂါအခြေအနေကိုပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူးတဲ့။ အနည်းဆုံး သူ့ကို အဖျားကျဖို့ ရေခဲကန်ထဲ စိမ်ထားလို့ရနိုင်ပေမဲ့ သူ့အဆုတ်က ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ (Ice Bath , Cryotherapy = သင့်တင့်တဲ့အပူချိန်ညှိပြီး ရေအေးအသုံးပြုကုသခြင်းပါ တိုးတက်တဲ့နိုင်ငံတွေမှာ စက်တွေအရမ်းစုံပါတယ်)

*မနက်ဖြန်*အခန်းတံခါးရှေ့မှာ ရပ်နေရင်း Kyungsoo ဆရာဝန်ပြောလိုက်တဲ့ စကားတွေကို ပြန်ကြားနေမိတယ်။ Oxygen Treatment (အဆုတ်က မကောင်းတော့လို့သွေးထဲလှည့်ပတ်ဖို့ အောက်စီဂျင်မလုံလောက်တော့တဲ့အခါ အကူအောက်စီဂျင်ပေးတဲ့ ကုသနည်း , နှာခေါင်းမှာ အောက်စီဂျင် mask တေ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(cryotherapy စက်)

Kyungsoo သူ သိပ်ကြီးမားတဲ့စကားလုံးဆန်းဆန်းတွေကို နားမလည်ဘူး,, သူနားလည်တာ တတောက်တောက်သွားနေတဲ့ စက္ကန့်လက်တံလေးရယ်, မရပ်မနားမြည်နေတဲ့ မော်နီတာသံရယ်, *ကျွန်တော်တို့လုပ်နိုင်တာ သိပ်မရှိတော့ပါဘူး* ဆိုတဲ့ အဓိပ္ပာယ်မဲ့တောင်းပန်သံတွေရယ်ပဲ။
**
"ကျွန်တော် မသေချင်သေးဘူး"

Jongin က ပြောတယ်။ အောက်စီဂျင်မက်စ်အောက်ကနေ လုံးထွေးပြောနေတာမို့ သဲသဲကွဲကွဲတော့ မကြားရဘူး။ Kyungsoo က ကုတင်ဘေးမှာ ခွေးခြေခုံလေးနဲ့ထိုင်နေပြီး Jongin ရဲ့ ခြေကျင်းဝတ်တွေကနေ ထွက်လာတဲ့ ပလက်စတစ်ပိုက်လိုင်းလေးတွေကို ကြည့်နေတယ်။Jongin ခန္ဓာကိုယ်အရမ်းသေးကွေးသွားတယ်။ ပိန်ချုန်းချိနဲ့နေပြီး ခပ်တဲတဲပဲကျန်တော့တဲ့အခြေအနေ။

Anterograde Tomorrow Where stories live. Discover now