daisies,part two;invisible walls

1.7K 204 0
                                    

*မမြင်နိုင်သော အဆီးအတားများ*

"ကျွန်တော်က Jongin ပါ , ကျွန်တော် ဒီကိုလာတာ"

"စာရေးဖို့"

Jongin ပါးစပ်အဟောင်းသားဖြစ်သွားပြီး, မြင့်တက်သွားတဲ့ သူ့ရဲ့န မျက်ခုံးတွေက သူအလန့်တကြားဖြစ်သွားတာကို သိသာစေတယ်။
စက္ကန့်ပိုင်းအတွင်း တိတ်ဆိတ်မှု တစ်ခု ဖြစ်တည်သွားတယ်။ ပြတင်းအပြင်ကမြင်နေရတဲ့မြင်ကွင်းမှာ ကောင်းကင်အောက်က မျက်ခင်းစိမ်းစိမ်း, တောက်ပနေတဲ့ရှုပ်ထွေးမှုတွေ။ Kyungsoo ရပ်စောင့်နေတုန်းပဲ။

Jongin က တံခါးဘောင်ကိုမှီရပ်နေရင်းရုတ်တရက် မီးဖိုချောင်ကောင်တာပေါ်က ဖွင့်လျက်သား မှတ်စုစာအုပ်လေးကို မြင်လိုက်ရတယ်

"အော် ! ဆိုတော့ ခင်ဗျား ရဲ့မှတ်စုစာအုပ်ကြီးဖတ်ပြီးသွားပြီဆိုပါတော့?"

"အင်း," Kyungsoo ခေါင်းငြိမ့်လိုက်တယ်။ သူ Jongin မျက်နှာပေါ်က အနည်းငယ်စိတ်ပျက်သွားဟန် ကို သတိမထားမိလိုက်ဘူး။

ဒီနေ့ သူတို့က ဘေးဘက် Jongin ရဲ့ အခန်းထဲမှာတွေ့ဆုံကြတယ်။ Jongin အခန်းက စာရွက်တွေထည့်ထားတဲ့ ကတ်ထူပုံးအဖြူတွေ , တစ်ဝက်တစ်ပျက်လက်ကျန်ဘီယာဘူးခွံတွေ , အိပ်ရာခင်းမပါတဲ့ မွေ့ယာကြီးပေါ်က ရွဲ့စောင်းနေတဲ့ အရောင်မှိုင်းမှိုင်း စောင် တွေ, အရှုံးပေးအလံဖြူတွေလို တွဲလောင်းချိတ်ဆွဲထားတဲ့ tapestries တွေ နဲ့ ပဲ။

ဒီနေ့ သူတို့က ဘေးဘက် Jongin ရဲ့ အခန်းထဲမှာတွေ့ဆုံကြတယ်။ Jongin အခန်းက စာရွက်တွေထည့်ထားတဲ့ ကတ်ထူပုံးအဖြူတွေ , တစ်ဝက်တစ်ပျက်လက်ကျန်ဘီယာဘူးခွံတွေ , အိပ်ရာခင်းမပါတဲ့ မွေ့ယာကြီးပေါ်က ရွဲ့စောင်းနေတဲ့ အရောင်မှိုင်းမှိုင်း စောင် တွေ, အရှုံးပေးအလံဖြူတွေလို တွ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(tapestrides အိပ်ယာဘေးမှာချိတ်လေ့ရှိကြပါတယ်)

စီးကရက်ငုတ်တိုတွေနဲ့ ဆေးလုံးအဝါရောင်တွေကို ပလက်စတစ်ခုံလေးပေါ်မှာ တင်ထားတယ်။ သေချာကြည့်မယ်ဆို စာလုံးတွေအဖြစ်စီထားတာကို မြင်ရလိမ့်မယ် "KYUNGSOC" တဲ့။
ခေတ်ရေစီးကြောင်းနဲ့လားလားမှမဆိုင်ဘူး ကျောက်သားအဖြူတွေချည်းသက်သက်ပုံစံနဲ့ အခန်းပုံစံက ကျိုးပဲ့ပျက်စီးလွယ်တဲ့ နူးညံ့တဲ့အဖြူရောင်တွေနဲ့ချည်းလွှမ်းမိုးနေတယ်။ Jongin ရဲ့ စိတ်မပါလက်မပါခြေလှမ်းတွေတို့ , ရှည်လျားတဲ့မျက်တောင်တွေတို့နဲ့ တကယ်ကို အံဝင်ခွင်ကျ ဖြစ်နေတဲ့ အခန်းအပြင်အဆင်က Khungsoo အတွက်တော့ တစ်မျိုးကြီးပဲ။ ဖယ်ကျဉ်ထားသလို မသက်ဆိုင်သလိုခံစားရတယ်။
Jongin က သူ့ပစ္စည်းအားလုံးကို တစ်ခန်းထဲမှာ စုပြုံထားပုံပဲ။ ခုလို ဆိုဖာခုံပေါ်မှာ ခြေထောက်ကိုကားပြီးထိုင်နေတဲ့ Jongin က ဒီလိုနေရာမျိုးကို ပိုင်တဲ့သူ , ဒါမှမဟုတ် ဒီလို အပေါ်ယံအဆင့်အတန်းမြင့်မှုမျိုးနဲ့ အသားကျနေသူလည်းဖြစ်ကောင်းဖြစ်နေနိုင်တာပဲ။
ဟိတ်ဟန်များတဲ့, အယောင်ဆောင်ဟန်နဲ့,ခံစားချက်နဲ့တုံ့ပြန်မှုကြားဗြာများနေတဲ့ လူမျိုး။

Anterograde Tomorrow Where stories live. Discover now