တစ်ချို့အနာတရတွေဟာ ဘယ်လိုပဲဆေးထည့် ဆေးထည့် မပျောက်တော့တာ ခဲလ်သိပါရဲ့လား
ဥပမာ-ခင်ဗျားကို အထိန်းအကွပ်မရှိ ချစ်ခဲ့ခြင်းရဲ့ဒဏ်ရာတွေ။
အဲ့ဒီလိုထောင်ချောက်မျိုးမှာ ကျွန်တော်ကိုယ်တိုင်ကိုက အငြိခံနေတော့လဲ ဘယ်သူ့ကိုမှ အပြစ်ဆိုလို့ မရဘူးပေါ့နော် ခဲလ်
သိပ်ခက်တာပဲ ခဲလ်ရာ
ခင်ဗျားကို ကျွန်တော့်ရင်ဘတ်ထဲထည့်ပြီး အဆုံးထိ ရှင်သန်သွားမိမှာမျိုး ကျွန်တော် သိပ်ကို ကြောက်နေတယ်
ဒါပေမဲ့လည်း ခင်ဗျားက ကျွန်တော် လွှတ်မချရဲတဲ့ ကြိုးတစ်စမို့ နောက်ဆုံးအချိန်ထိ ရစ်ပတ်ပြီး ချည်နှောင်သွားမှာပါ ခဲလ်