ဖြစ်သလိုနေနေတဲ့ဘဝကနေ
ကိုယ်လုပ်သလို ဖြစ်လာဖို့
ပြောင်းလဲချင်လာတဲ့ အခိုက်အတန့်ဘယ်ကနေစပြီး ဘယ်လိုပြင်ရမလဲပေါ့
အိပ်ချိန်ကလွဲလို့ အချိန်ပြည့်ဖုန်းကိုင်နေရာကစပြီလား?
ဖုန်းမကိုင်ရင်ရော ဘာလုပ်ရပါ့မလဲ...
(အိမ်အလုပ်တွေတော့လုပ်တာပေါ့)အပိုဝင်ငွေ ရှာရတာကကော?
ဘယ်လိုနည်းလမ်းတွေနဲ့လဲ ခင်ဗျားတို့ရော သိပါရဲ့လား?
အချိန်ပိုင်း?
အဆင်မပြေပါဘူး!
Dayသမားတွေအတွက် လုံးဝအဆင်မပြေ..
ကျောင်းပိတ်တဲ့ကာလက ကိုးလို့ကန့်လန့်...အပိုဝင်ငွေမရှိတဲ့အပြင် ဖုန်းကိုပူဇော်နေရတဲ့ ပိုက်ဆံတွေက
တစ်လ တစ်လ မနည်းဘူး...!ဘာလုပ်သင့်ပါသလဲ?
အားလပ်ရက် အကျိုးရှိအောင် သင်တန်းတတ်ပေါ့
လွယ်လိုက်တာ ပြောတော့
ဘယ်မှာလဲ ပိုက်ဆံ?အခုချိန်မှာ အရေးကြီးဆုံးကပိုက်ဆံလို့ပဲ မြင်တယ်...
တကယ်လည်း ပိုက်ဆံရှိမှ လွယ်ရာဝင်နေတဲ့ခေတ်ကိုး...အတန်းပညာလေးနဲ့ ဘွဲ့တစ်ခုရှိရင်တောင် သိပ်အရာရောက်တဲ့
ကာလမဟုတ်တော့ဘူးလေ...ဘွဲ့တစ်ခုလေးနဲ့ အတန်းပညာထက်စာရင်
ဘာဘွဲ့မှ မရှိပဲ လက်မှုပညာနဲ့ လုပ်စားနေတဲ့ သူတွေကမှ
ပိုက်ဆံပိုရဦးမယ်တို့အစ်မတို့ စိန်ပန်းတိမ်မှာဆို (10)တန်းမအောင်တာတောင်
1-လကို လေးငါးသိန်းလောက်ဝင်တယ်...သာမန်ဘွဲ့တစ်ခုရပြီး ကိုယ်တွေအလုပ်ရှာရင်တောင် နောက်က လက်မှတ်တွေ တစ်သီးကြီးလိုအပ်ဦးမှာပဲ...
ကိုယ့်ဘဝကို စဉ်းစားကြည့်ရင် သိပ်ရင်မောတာပဲ...
အရင်ကဆို
အလုပ်လုပ်ဖို့ ထမင်းစားရတယ်ကွာ
ပိုက်ဆံဆိုတာ ပြောသလောက်ကြီး မလိုအပ်ဘူး...အခုဆို
ထမင်းနပ်မှန်ဖို့အတွက် ပိုက်ဆံကို ပိုရှာလာရတယ်
ပိုက်ဆံရှိမှ အသက်ဆက်ရှင်ရမယ့်ကိန်းတောင် ဖြစ်လာသလို...အပေါင်းအသင်းဆိုတာမျိုးကလည်း ငယ်ပေါင်းတွေသာ
ယုံကြည်လို့ရနိုင်တာမျိုးပဲ...
ကိုယ့်ဆို ခဏခဏ အထားခံခဲ့ရတော့ ဘယ်သူ့ကိုမှ လိုတာထက်ပိုပြီး မခင်တွယ်ရဲဘူး...
ကြောက်တယ် တကယ်...
ကိုယ်စိတ်နှစ်ပြီး ခင်ပြီး အထားခံရတဲ့အခါ သိပ်ခံရခက်တာပဲ...အခုဆို ကိုယ့်ကိုချစ်တဲ့သူရှိတယ်...
အေးစက်စက်နေတတ်တဲ့သူလို့ သူကမြင်တယ်...
ကိုယ့်ကို အရမ်းချစ်ပေးတဲ့သူကို သဘောမကျဘူးဆို
လိမ်တာပဲ ဖြစ်မှာပေါ့...ဒါမယ့် ကိုယ့်အပိုင်ပါလို့ မတွေးရဲဘူး..
အရမ်းချစ်ပြီးမှ ဝေးသွားရတဲ့အခါ ကိုယ်ဘယ်လိုခံစားရမလဲ
ကိုယ်ပဲသိတယ်လေ...
(အခုတော့ စိတ်ဆိုးနေလေရဲ့😆)ကိုယ့်ကိုချစ်ပေးတဲ့သူတစ်ယောက်ရှိတာ
ပျော်ဖို့ကောင်းတဲ့ ကိစ္စတစ်ခုပဲဟာ(Don't mess up my tempo
ငါ့ကိုပဲချစ်တာလို့ပြော
ငါကလွဲပြီးတစ်ခြားသူမရှိဘူးပြော
ဒီထက်ပိုပြီး မတုန်လှုပ်နေပဲ....:3ကြိုက်တယ်ပြောပါတယ်😅)
ဒီလောက်ပါပဲ
ပြောချင်တာက ကိုယ့်အတွေးတွေ အစွန်းရောက်နေသလား
ကိုယ် ဘာလုပ်သင့်သလဲပေါ့
အကြံပေးစေချင်ခဲ့တာပါ
ဒီရက်ပိုင်း အရမ်းစိတ်ညစ်နေတာ...😞(Ficလေးလည်းရေးနေပါတယ်...:3)