INSANITY-16

423 29 1
                                    


~Cameraကောင်းကောင်းလေးတစ်လုံးဝယ်
ခင်ဗျားလုပ်တဲ့ concertပွဲတိုင်းနောက်ကို လိုက်ပြီး
လှုပ်ရှားမှု တစ်ခုချင်းစီကအစ မှတ်တမ်းတင်ထားချင်တယ်~

တစ်နေ့တော့ ပြည့်မြောက်လာမည်ထင်ရသော
အိမ်မက်တစ်ချို့ဟာ စမ်းတဝါးဝါးလမ်းကြောင်းပေါ်မှာရှိတယ်
နောက်ငါးနှစ်အတွင်းမှာ ခင်ဗျားက သုံးထိပ်စီးဖြစ်ပြီး
ကျွန်တော်ကတော့ နှစ်ထိပ်စီးနဲ့ပေါ့
လေးနှစ်လောက်အတူတူ နှစ်ထိပ်စီးနဲ့နေခွင့်ရတာလည်း
ကျွန်တော့်ရဲ့ ကံကောင်းမှုလေးပါပဲ
ချစ်ရတဲ့ခဲလ်ရေ ကျွန်တော်လာမတွေ့နိုင်တဲ့နှစ်တွေမှာ
ကျန်းမာရေးဂရုစိုက်ပြီး နေထိုင်ပေးပါ
သန်းပေါင်းများစွာထဲက အေရီလေးဟာ ခင်ဗျားမသိနိုင်လည်း အမြဲတမ်းလွမ်းနေမှာမို့ စိတ်ပူရမယ့်ကိစ္စတွေမဖြစ်အောင် ကြိုးစားပြီးပြု မူပေးပါ
ချစ်ရတဲ့ခဲလ်ဟာ အဲ့ဒီလိုကိစ္စတွေ မလုပ်မှန်းသိပေမယ့်
ကျွန်တော့် အတ္တကိုတော့ နားလည်ပေးပါ
အိမ်မက်တွေပြည့်မြောက်အောင် ကြိုးစားနေတာမို့
ကျွန်တော့်ခဲလ်က လက်တစ်စုံကမ်းလင့်ကြိုဆိုနေပေးပါ

~မ ဝေး တော့ အ နာ ဂတ် မှာ ချစ် ရ တဲ့ ခဲလ် နဲ့ ကျွန် တော့် အ ပြုံး တွေ ဟာ~




Ps:ကိုယ့်၏ရူးသွပ်မှုတစ်ချို့သာ(မရေးတတ်ရေးတတ်နှင့်)

INSANITYOnde as histórias ganham vida. Descobre agora