Chapter 1

12.4K 563 50
                                    

Unicode✅

J& K Restaurant....

သာယာငြိမ့်ညောင်းတဲ့ ဂီတသံစဉ်နဲ့အတူ.... နီယွန်မီးရောင်စုံ..
အလှဆင်တပ်ထားသော စားသောက်ဆိုင်လေး....

ထိုစားသောက်ဆိုင်လေးရဲ့ အဓိကအချက်အချာ...မီးဖိုချောင်လေး
ထဲမှာတော့..တာဝန်ကျ ဝန်ထမ်းယူနီဖောင်းနဲ့အတူ.... ...

ထယ်ယောင်း..ဟင်းလျာပန်းကန်တွေကို... customer တွေဆီ
သွားချပေးဖို့အတွက်.... ပန်းကန်တွေကို လက်တဖက်က လင်ဗန်းပေါ်
တင်ကာ.... ကျန်လက်ဖက်က လင်ဗန်းပေါ်ကို ရေသန့်ပုလင်းနဲ့
ဖန်ခွက်တွေ တင်လိုက်သည်....

" Steak ရပါပြီ.... အရသာရှိစွာသုံးဆောင်ပါဗျ..."

သေချာ ပြင်ဆင်ချထားပေးပြီး....ထယ်ယောင်း ခေါင်းလေးတချက်
ညွှတ်လိုက်ပြီး...ပြန်လှည့်ထွက်လာခဲ့သည်...

နာရီကိုကြည့်လိုက်တော့ည ကိုးနာရီ... .. ဟူး ဆိုင်တောင်သိမ်းတော့
မှာပဲ.....

ထယ်ယောင်း ယခု အချိန်ပိုင်းအလုပ်လုပ်နေသော.. ဆိုင်မှာ..
ဆယ်နာရီဆို ဆိုင်သိမ်းနေကျပင်...

ယခုတောင်..လူကအတော်အတန်ရှိနေသေးသည်.....
နာမည်ကြီး Steak ဆိုင်မို့ ကလေးရောလူကြီးရော ကြိုက်နှစ်သက်
သဖြင့် လာစားကြသူ တော်တော်များကြသည့်ဆိုင်လေး.....

ထယ်ယောင်းက..ညပိုင်း... အချိန်ပိုင်းအလုပ်ကို တနလ်ာမှသောကြာ
အထိ လုပ်နေကျပင်.....

အိမ်ပြန်ရတော့မည်ကို တွေးရင်း... ထယ်ယောင်း တက်ကြွနေခဲ့
သည်... အော်... သူ့နှယ်... အလုပ်လုပ်ချင်တော့လည်းလုပ်ချင်လွန်း
လို့.... အလုပ်ရပြန်တော့လည်း...ပြီးခါနီးဆို အိမ် က အိပ်ရာလေးကို
ပဲတမ်းတနေမိတာ......

"ဟိတ်... ဟိုကောင်လေး... "

ရှင်းသွားသောစားပွဲဝိုင်းမှ...ပန်းကန်တွေကိုကောက်သိမ်းပြီး...
အဝတ်နဲ့ စားပွဲကို သုတ်နေခိုက်... ခေါ်သံတစ်ခုကြောင့်..ကိုယ့်
ကိုများ ရည်ညွှန်းခေါ်တာလား အထင်နဲ့ လှည့်ကြည့်လိုက်တော့..
စောစောက သူ ဟင်းတွေသွားချပေးခဲ့တဲ့ လူ ရဲ့ စားပွဲဝိုင်း...

"လာခဲ့ဦး... "

မျက်နှာထားတင်းတင်းမားမားနှင့်ကိုယ့်အား စူးစိုက်ကြည့်ကာ..
လှမ်းခေါ်လိုက်သောကြောင့်.... ရင်ထဲထိတ်ခနဲ...ကိုယ်များ
ဘာအမှားလုပ်မိခဲ့ပါလိမ့်....

NEVER GONEWhere stories live. Discover now