Chapter 15

2.8K 261 56
                                    

Unicode✅

"ဘာ!!!!... video stickရှိတယ်..ဟုတ်လား"

လက်ထဲက စာရွက်ပိုင်းအသေးလေးကို ကြည့်ပြီးအော်
လိုက်သော ဂျီမင့်အသံကြောင့် ယွန်းဂီရော ဂျီဟွန်းရော
ကိုယ်လုံးလေးတွေတုန်သွားကြသည်..

"ကျတော့်ကို လီမင်ယောင်းကိုယ်တိုင်ပြောသွားတာ.. ရဲမှူး
ဆီမှာရှိတယ်တဲ့ .. ကျတော်တို့သူ့ဆီကဘယ်လိုယူရမလဲ..
ကြည့်ရတာ အမတ်ချွဲက ရဲမှူးကိုပဲလုံးဝ ယုံကြည်ပြီးဒီအမှူ
တစ်ခုလုံးကို ဖုံးခိုင်းပိတ်ခိုင်းထားတာပဲ..ဒီလူပဲသတ်ခိုင်းတာ
နေမှာ... လမ်းနားက CCTV တွေကျတော်ကြည့်လိုက်တော့
လူသတ်သမားက ရှောင်ချက်သားကောင်းတယ်ဗျ..
ကျတော် လီမင်ယောင်းဆီရောက်တော့ ဒဏ်ရာနဲ့လဲကျနေ
ပြီးပြီ... ကျတော်ဆေးရုံပို့မယ်လုပ်တော့ ကျတော့်ကိုဒီစာရွက်
ခေါက်လေးပေးသွားတာပဲ...
ကျတော့်အထင်တော့ရဲမှူးက ဒီလူ့ကို လစဉ်ဘဏ်
အကောင့်ကိုငွေလွှဲပေးတာရပ်လိုက်လို့ အချေအတင်ဖြစ်ကြ
တာထင်တယ်... ကြည့်ရတာ.. ဒီလူ့ဆီမှာ Video Stick
ရှိလို့ကို အမတ်ချွဲတိူ့က စည်းရုံးသိမ်းသွင်းထားတာ..
ဒီလူကလည်းငွေလိုချင်လို့ အကြံနဲ့ Video ရိုက်ထားတာ
ပဲ.....
ခု ဟိုလူတွေက Videk stick ရပြီးသားဆိုတော့ ဒီလူ့ကို
အဖက်လုပ်စရာမလိုတော့ဘူးဆိုပြီး ရှင်းပစ်လိုက်တာထင်
တယ်.....
ခုဒီလူကငွေမရတော့ဘဲ ဂျစ်ကန်ကန်လုပ်လို့သတ်လိုက်တာ
ဖြစ်နိုင်တယ်...
ရှင်းရှင်းပြောရင် လီမင်ယောင်းက CEO ဂျွန်ဂျုံးဂုရဲ့
အမေပြန်ပေးဆွဲခံရတဲ့ Video မှတ်တမ်းကိုသူကိုယ်တိုင်
ရိုက်ထားတာ .. အဲ့ဒါကိုအမတ်ချွဲတို့က ခြိမ်းခြောက်စည်းရုံး
ပြီး ဖျောက်ထားတာ.. ဒီ video stick ရဲမှူးဆီမှာရှိမှာသေ
ချာပေမယ့် မဖျောက်ပစ်လိုက်ဖို့ကအရေးကြီးတယ်..နှစ်ကြာ
နေပြီဆိုတော့ သူဖျောက်လိုက်မှာလည်းစိုးရိမ်ရတယ်..."

"အင်း...ဒါဆို ဘယ်လိုလုပ်မလဲ ခေါင်းဆောင် ယွန်းဂီပြော
သလိုဆို အဲ့video stick ရရင် အကုန်ပွဲသိမ်းပြီလေ... "

" အင်း....ငါကိုယ်တိုင်ရအောင်သွားယူမယ်... "

မျက်နှာကိုလက်နှစ်ဖက်နဲ့သပ်ချပြီးစိတ်ရှုပ်ထွေးသလိုပြော
လိုက်သော ဂျီမင့်စကားကြောင့် ယွန်းဂီမျက်လုံးပြူးသွား
သည်....

NEVER GONEWhere stories live. Discover now