Chapter 9

3.1K 305 37
                                    

Unicode✅

" ထယ်... "

ဂျုံးဂုဆီ စာရင်းချုပ်နဲ့ အချိန်ဇယားတွေလာပို့ရင်း ရပ်စောင့်
နေတုန်း.. ခေါ်လိုက်တဲ့အသံ ကြောင့် ထယ်ယောင်းရင်ထဲ
လှပ်ခနဲဖြစ်သွားသည်...

ဆိုးလ်ပြန်ရောက်တဲ့ နောက်တနေ့မှာပဲ မနားရ...ရုံးဖွင့်ရက်
မို့ ရုံးတက်ရသည်... ထယ်ယောင်းတစ်ယောက်လေယာဉ်
ပေါ်မှာလည်း ရုံးတက်ရမည် ဖြစ်သောကြောင့် ငြီးတွားလေတော့
ဂျုံးဂုဆိုသောလူကြီးက... ရုံးပိတ်ရက်ကို တရက်လောက်ပဲ
ပိတ်ရင် ကောင်းမလားမသိဘူးဆိုပဲ.. မျက်နှာလေးနေ့တိုင်း
တွေ့ချင်လို့တဲ့လေ... ဒီလူကြီးဟာလေ သူကျမပင်ပန်းတာ
ကျနေတာပဲ... ပိုကိုပိုသည်.....

ချစ်သူဖြစ်ကာစ အခြေအနေ
ကလည်း ဒီလိုနေရထိုင်ရကျဉ်းကြပ်ရလား...လူကရှက်သလို
လို သူ့ရှေ့ရောက်ရင် ခုထိ မျက်နှာပူရတုန်း....ခုလည်းဘာ
ပြောဦးမလဲမသိဘူး....

" ထယ်... "

" ဟင်..."

" ဘာတွေတွေးနေပြန်ပြီလဲ..ကိုယ့်ကိုရှေ့ထားပြီး..
တခြားသူတစ်ယောက်အကြောင်းတွေးနေတာလား... "

" ဟင်...မ..မဟုတ်ပါဘူး..."

"ကိုကို... "

"...."

"ကိုကို ဆိုတာက မခေါ်ပြန်တော့ဘူးလား..."

" ဟို...ရုံး...ရုံးမှာမို့လို့လေ... "

" ခု နှစ်ယောက်တည်းရှိတယ်လေ...ခေါ်... "

"ကို..ကို "

"လာဦး ကိုယ့်နား..."

စားပွဲခုံပေါ် ကိုပုတ်ကာ...အနားလာခိုင်းသော သူ့ကြောင့်
ထယ်ယောင်း..မဝံ့မရဲပင်... အနားကိုလျှောက်သွားလိုက်
သည်... အာ...ဘာတွေရှက်နေတာလဲ ကင်မ်ထယ်ယောင်း
ရေ... နမ်းပဲနမ်းပြီးသွားပြီ... 

" အ.... "

အနားရောက်ရောက်ချင်း လက်ကိုဆွဲချကာ ပေါင်ပေါ်ဆွဲတင်
လိုက်သော ဂျုံးဂုကြောင့် ထယ်ယောင်း ပေါင်ပေါ်မှာပဲ..
ကျောက်ရုပ်တရုပ်လိုမလှုပ်မယှက် ငြိမ်နေမိသည်......
တဒိတ်ဒိတ် ခုန်နေသော နှလုံးသားကတော့ စိတ်လှုပ်ရှား
နေပါသည်ဆိုတာကိုပြသနေလေသည်....

NEVER GONEWhere stories live. Discover now