Chapter 2

4.9K 452 64
                                    

Unicode✅

တိတ်ဆိတ် မှောင်မဲနေသော တိုက်ခန်းတံခါးကိုဖွင့်လိုက်တာနဲ့...
သူကြိုက်နှစ်သက်တဲ့ လာဗင်ဒါ အမွှေးနံ့ကအခန်းတွင်း မွှေးခနဲ.....
အသန့်ကြိုက်သည့်သူ့အတွက်တော့ အမြဲတမ်း... လာဗင်ဒါအနံ့
ပါသည့်အမျွေးခဲများကို ဧည့်ခန်းနဲ့ အိပ်ခန်းအတွင်းမှာ အမြဲ ထားလေ့
ရှိသည်....

အသက် ၂၀ အရွယ် တက္ကသိုလ် ကျောင်းသားသူ့အတွက်...
ကျောင်းပိတ်ရက်ရှည် နှစ်လ ဆိုသည်က ပျင်းစရာပင်.......
ထို့ကြောင့် အချိန်ပိုင်းအ လုပ် နှင့် ပရဟိတ လူငယ်များ ကူညီမှု
အသင်းမှာ ပါထားတဲ့ သူ့အတွက်..သိပ်တော့ပျင်းစရာမရှိ.......

အိပ်ခန်းအတွင်းဝင်ပြီး မီးဖွင့်လိုက်တော့ သူ့ရဲ့မိသားစု ဓာတ်ပုံလေးက
စားပွဲပေါ်မှာ ကြိုဆိုလျက်...

ဟက်...သက်မဲ့ဓာတ်ပုံလေးက ကြိုဆိုနေပေမယ့် သက်ရှိ လူတွေ
ကတော့ သူ့ကိုမကြိုဆို.... နွေးထွေးမှုတွေ မပေးနိုင်ကြတ၊ာ..
ဘယ်တည်းကမှန်းမသိတော့ မှတ်မိတာကတော့... ဖေဖေ အိမ်
ထောင်ရေး ဖောက်ပြန်ခြငိးကစခဲ့တာ..
.. ပြီးတော့ ဖောက်ပြန်တဲ့သူက
မိန်းမတစ်ယောက်မဟုတ်ခဲ့.... ယောကျ်ားလေးတစ်ယောက်...

ထယ်ယောင်း စစသိချင်းတအားအံ့သြခဲ့ပါသည်...
မေမေဆို ရှက်လွန်းလို့ ဆိုပြီး... သူ့ကိုယ်သူ အဆုံးစီရင်ဖို့ထိ
လုပ်ခဲ့ဖူးပါသည်.....  ထယ်ယောင်းဝိုငိးတားမှသာ မအောင်မြင်
ခဲ့ခြငိးဖြစ်သည်... ထိုအချိန်မှစ၍ မေမေသည် သူ့အပေါ် အေးစက်
သွားခဲ့သည်...

ဖေဖေသည်လည်း... သူ့ကိုအရင်လို ဂရုမစိုက်တော့..
ကုမ္ပဏီအလုပ်များနှင့်သာ လုံးပန်းနေခဲ့သည်...  ဖောက်ပြန်ခဲ့သော
လူ နှင့် လည်း အတွေ့မပျက်ခဲ့... မေမေ့ကိုလည်းမငဲ့ခဲ့...
တရားဝင်မကွာရှင်းကြပေမယ့်..  နီးလျက် ဝေးကွာနေခဲ့ကြသော..
ဖေဖေနဲ့ မေမေကြားမှာ...ထယ်ယောင်း ရင်ကွဲမတတ် ခံစားခဲ့ရပါသည်

နောက်ဆုံး...ထယ်ယောင်းကို... ဆိုးလ်သို့ပို့ကာ...  လူချမ်းသာ
အများစု နေထိုင်ကြသော ကွန်ဒိုမှာ အခန်းတစ်ခန်းဝယ်ပေးခဲ့ပြီး..
ကျောင်းတက်စေကာ...ဖြစ်သလိုပင် ပစ်ထားခဲ့ကြသည်..... 

NEVER GONEWhere stories live. Discover now