Idiot Seme 22-23 & Happy Birthday

1.2K 160 47
                                    


ကျောက်ယွင်ချီ ကို ဆွေဖုန်း ကုတင်ပေါ်က ကန်ချလိုက်တယ်။ ကန်ချက်ကြောင့် ၇င်ဘတ်က နာနေပေမယ့် ကျောကအနာ ထပ်ပြီး မကွဲတာက ကံကောင်းတယ်ဆို၇မယ်။

"ေ၇ှာင်ယွမ်... "😟
မျက်၇ည် ၀ဲတဲတဲနဲ့ ယွင်ချီ ခေါ်တယ်။

"မင်း ဒီနေ့ စကားတခွန်း ထပ်ထွက်၇ဲထွက်ကြည့်။ ငါမင်း၇ဲ့ လျှာကို ဖြတ်ပစ်မယ်။ မယုံမ၇ှိနဲ့ 😠"

ယွမ်ဆွေဖုန်း က ကျောက်ယွင်ချီ ကို ခပ်စူးစူး ကြည့်ပြီးတော့ သတိပေးပြောလိုက်တယ်။ ပြီးတော့ အိပ်ယာခင်း တစုံကို ခြေထောက်နဲ့ ကန်ချလိုက်တယ်။ သဘောက အဲ့ဒီ လအကို ကြမ်းပေါ် ကိုယ့်ဘာသာ အိပ်ရာ ခင်းအိပ်ဖို့ ပြောတာပဲ။

ကျောက်ယွင်ချီ ကတော့ ယွမ်ဆွေဖုန်း ဘာကြောင့် စိပ်ထပ်ဆိုးနေတာလဲ တွေးမ၇သေးဘူး။ သူလဲ သူကတိပေးထားမိတဲ့ အချက်၃ချက်က တခုမှလဲ မကျူးလွန် ၇သေးပါဘူး။

ယွမ်ဆွေဖုန်း စကားပြောစဉ် အသက်ရှူသံ ပြင်းပြင်းလဲ ကြားလိုက်မိလို့ ယွမ်ဆွေဖုန်း တော်တော် ဒေါသထွက်နေမှန်းတော့ ကျောက်ယွင်ချီ ၇ိပ်မိတယ်။ ဒါကြောင့်ပဲ လိမ်လိမ်မာမာနဲ့ ကြမ်းပေါ်အခင်းခင်းလိုက်ပြီး စောင်ခြုံကာ လှဲလိုက်တယ်။ ဒါပေမယ့် သူ့မျက်ဝန်းအစုံက ကုတင်ပေါ်က ယွမ်ဆွေဖုန်း ကို မမှိတ်မသုန် လှမ်းကြည့်နေတယ်။

"သေခြင်းဆိုး. ......."

ယွမ်ဆွေဖုန်း ခပ်တိုးတိုး ဆဲလိုက်တယ်။ နောက် သူ့ကိုယ်ကို လှည့်လိုက်ပြီး ကျောက်ယွင်ချီ ကို ကျောခိုင်းလိုက်တယ်။ စိတ်ထဲကနေပြီး ယိလီ၇ဲ့ ပုံ၇ိပ်တွေကို တစစ ဆွဲထုတ်၇င်း တွေးတောနေ၇င်း လူသတ်ချင်နေတဲ့ သူ့၇ဲ့ ဒေါသမီး ကို ကြိုးစားပြီး ငြိမ်းသတ်နေတယ်။

ဒီလိုနဲ့ပဲ သူ တစစ အိပ်ပျော်သွားတော့တယ်။ ယွမ်ဆွေဖုန်းက ၀ူလင်ဂိုဏ်းမှာဆို၇င် သိုင်းပညာလဲ အမြင့်ဆုံး၊ မျိုး၇ိုးကလည်း ကောင်းတယ် နဲ့ ။ ဒါကြောင့် သူတပါး မြှောင့်ပင့် ပြောဆို၊ ၇ှုံ့ချ ပြောဆိုတာတွေနဲ့လဲ သူမစိမ်းဘူး။ ဒါပေမယ့် ဘယ်အ၇ာ ဘယ်သူတွေကမှ ကျောက်ယွင်ချီလောက် သူ့ကို စိတ်ညစ် စိတ်ပျက်စေတာ မ၇ှိဖူးဘူး။ ဒါဟာ သူအ၇င်ဘ၀က လုပ်ခဲ့တဲ့ မကောင်းမှု အကျိုးတွေများလား? ဒီတခေါက်တော့ ကျောက်ယွင်ချီ နည်းနည်းလေးတော့ သူ့စကား နားထောင်လာပြီ ပြော၇မယ်။ ယွင်ချီက အတင်းအဓ္ဓမ သူ့ကုတင်ပေါ် တက်မလာဘဲ သူ့ဘာသာသူ အေးဆေးအိပ် သွားတယ်လေ။

Idiot Seme Where stories live. Discover now