Idiot Seme 40-41

1.8K 165 30
                                    


အဖိုးတန်​ ရတနာ ပစ္စည်းတပုံတ​ခေါင်းကို ယွမ်​​ဆွေဖုန်း ​အေးစက်​စက်​မျက်​၀န်း​တွေနဲ့ ကြည့်​​နေတယ်​။ အဲဒီအဖိုးတန်​ပစ္စည်း​တွေကြားထဲမှာ တန်​ဖိုးကြီး ​ကျောက်​စိမ်းနဲ့ လုပ်​ထားတဲ့ လက်​တဖ၀ါးသာသာ ကြာပန်းနှစ်​ခိုင်​ပါတယ်​။
       
အဲဒီကြာဖတ်​​လေးတခုစီတိုင်းက လက်​ရာ​မြောက်​လွန်းလို့ အစစ်​ထက်​​တောင်​လှ​ပနေသေးရဲ့။    ​နေ​ရောင်​​အောက်​မှာ​တွေ့ရပုံက ​တောက်​ပလင်းလက်​ပြီး မျက်​စိမလွှဲနိုင်​​အောင်​ကို လှတဲ့ပုံပဲ။ ဒီပစ္စည်းဟာ ရှားပါးပြီး ​တွေ့ရခဲတဲ့ ရတနာတပါးပဲ။
       
  အဲဒီရတနာပုံထဲမှာ ​နောက်​ထပ်​​တွေ့ရတာက မဲနက်​​ပြောင်​လက်​​နေတဲ့ ဓား၇ှည်တ​ချောင်း။ သူ့ရဲ့အ​ရောင်​အ၀ါက ​အေးစိမ့်​တဲ့ အ​ငွေ့အသက်​ကို ထုတ်​လွှတ်​​နေတယ်​။ ဓားကိုင်​ထားသူက ကိုင်​ထားတဲ့ဓားကို ထုတ်​ပြီး လုံးဝမလှုပ်​ဘူး။ သူက ပိုးချည်​မျှင်​တ​ချောင်းကို ဓားသွား​ပေါ်တင်​လိုက်​​တော့ အသံတစက်​မှ မထွက်​ဘဲ ပြတ်​​တောက်​သွားတယ်​။ တကယ့်​ကို ဓား​ကောင်းတလက်​ပဲ။ ။
       
လာ​ရောက်​သမျှသူ​တွေရဲ့ ရှားရှားပါးပါးအဖိုးတန်​ပစ္စည်း​တွေပဲ မျက်​စိ​ရှေ့ပုံထားတာ။ အကယ်​၍များ အကျင့်​မ​ကောင်းတဲ့သူ တ​ယောက်​တ​လေများ ပါခဲ့ရင်​ဖြင့်​ ​သေချာတယ်​ သူဟာ တပ်​မက်​လွန်းလို့ အာခေါင်တွေ​ခြောက်ကပ်​ပြီး မူးလဲသွားနိုင်​တယ်​။
        
ပိုင်​ရွဲ့​ခေါင်း​ဆောင်​ တုန်​ဇီက တဟားဟား ​အော်​ရယ်​ရင်း ပစ္စည်း​တွေကို တချက်​ပွတ်​သပ်​လိုက်​တယ်​။ ထိ​တွေ့လိုက်​တယ်​။ သ​ဘောကျတဲ့ပုံပါဘဲ။ ဒါ​ပေမယ့်​ ​ဆေးကုဖို့လာတဲ့သူ​တွေကို​တော့ နှစ်​သက်​ပုံမရဘူး။
         
ယွမ်​​ဆွေဖုန်း အမြင်​မှာ​တော့ တန့်​တုန်း ဆိုတဲ့ ဒီလူထူးလူဆန်းက ဒီပစ္စည်း​တွေအ​ပေါ် တပ်​မက်​ပုံမရဘူး။ ဒါပေမဲ့ သူ့အမူအ၇ာကတော့ အဲ့ဒီ လူတစ်​အုပ်​ရဲ့ ဖားယားမှုက သုံးစားလို့ ရပါတယ်​ဆိုတဲ့ သ​ဘော ပြသနေတယ်။

"တည်​တည်​တံ့တံ့​​နေစမ်း"   ​ဘေးက ပင်းအယ်​ဟာ တန့်​တုန်းရဲ့ နားရွက်​ကို ဆွဲရင်း သာယာတဲ့ အသံနဲ့ ဆူတယ်​။
       
" ​ဟေး ... ငါလည်း ဒီရတနာ​တွေကို အရမ်းလိုချင်​တယ်​​လေ" တန့်​တုန်း နာကျင်​စွာ​အော်ပြီး သူ့ဇနီးလက်​က လွတ်​​အောင်​ ရုန်းရင်း​ပြောတယ်​။ သူက အနက်​​ရောင်​ ​ပြောင်​လက်​​နေတဲ့ ဓားရှည်​ကို တပ်​မက်​စွာတချက်ကြည့်​လိုက်ပြီး လူအုပ်​ဖက်​ မျက်​လုံး​ဝေ့ကာ လေသံအေးအေးနဲ့ မြှင့်ပြီး "ဒါ​ပေမယ့်​ စည်းကမ်းက စည်းကမ်းဘဲ......ဒါ​တွေက ငါ့ဘိုး​ဘေးဘီဘင်​​တွေက ချမှတ်​ထားခဲ့တာ ဆိုမှ​တော့ ငါကလိုက်​နာရုံပဲ​ပေါ့........"
         

Idiot Seme Where stories live. Discover now