Idiot Seme 42-43

1.5K 158 35
                                    


ကျောက်​ယွင်​ချီရဲ့ ခန့်​ထည်​တဲ့ခန္တာကိုယ်​က သူ့ရဲ့မျက်​စိ​ရှေ့မှာပဲ ​ရေထဲတစစနစ်​မြုပ်​​နေတာကို ​ငေးငိုင်​​တွေ​ဝေစွာ ယွမ်​​ဆွေဖုန်းကြည့်​​နေတယ်။ သူ့ရင်​ထဲ​အေးစက်​သွားပြီး ခံစားမှုအကြီးကြီးရသွားတယ်​။ တချိန်​တည်းမှာပဲ သူဟာ​ပျော့​ခွေပြီး ​မြေပြင်​​ပေါ်ကျသွားတယ်​။
သူ့​ခေါင်းထဲမှာ အသံကျယ်​ကြီးမြည်​ဟီးသွားပြီး​တော့ ဟင်းလင်းပြင်​ကြီးဖြစ်​သွားသလိုပဲ.......

အဲ အဲဒီငတုံး ​သေသွားပြီလား?....ဒီလိုလွယ်​လွယ်​​လေးနဲ့​လေ?😕

ဒီအ​တွေး​တွေက ရင်​ထဲ​ရောက်​လာ​တော့ လက်​မခံနိုင်​စွာ ထရပ်​လိုက်​တယ်​။ တချိန်​တည်းမှာပဲသူဟာ ပတ်​ဝန်းကျင်​ကအသံပလံ​တွေကို တချက်​​​သေး​သေး​လေး​တောင်​မှ မကြားရ​တော့ဘူး။

သူ​တွေ​ဝေ​ငေးငိုင်​​နေတဲ့အ​တောအတွင်း သူ့ရဲ့အမူအယာ​တွေက
ငြိမ်​သက်​​အေးစက်​​နေတယ်​လို့ ခံစားရတယ်​။ ရင်​ထဲအတွင်းထဲက​ပြောမရနိုင်​တဲ့ခံစားမှု​တွေ လိပ်​တက်​လာပြီး အံကြိတ်ကာ မချိတင်ကဲေ၇၇ွတ်တယ်။

"ဒီငတုံး .. ဘယ်​သူကမင်းကို ကိုယ့်​ကိစ္စမဟုတ်​တာကို ပါဝင်​ပတ်​သတ်​ခိုင်း​နေလို့လဲ!!...ဘယ်​သူက မင်းကယ်​မှာကို​မျှော်​လင့်​​နေလို့လဲ?...."
ယွမ်​​ဆွေဖုန်း မြင်​ကမ်းပါး​ဘေးက ​မြေ​ပေါ် ဝမ်းလျား​မှောက်​လိုက်​ပြီး သူ့ကိုယ်​သူ​ပြောသလို တတွတ်​တွတ်​ရွတ်​​နေတယ်​။

အဲဒီ​ရေကမြူ​တွေနဲ့ပြည့်​နက်​​နေလို့ ​အောက်​မှာဘာ​တွေဖြစ်​​နေလဲဆိုတာကို ဘယ်​သူမှမသိနိုင်​ဘူး။ ဒါ​ပေမယ့်​ ဆက်​ကြည့်​လိုက်​မယ်​ဆိုရင်​​တော့.... ယွမ်​​ဆွေဖုန်းဟာ အသက်​ကိုခပ်​ပြင်းပြင်းရှူသွင်းလိုက်​ပြီး သူ့ရဲ့ချိနဲ့​နေတဲ့ခန္တာကိုယ်​ကို လှုပ်​ရှားလိုက်​တယ်​။

ဒီအချိန်​မှာ​တော့ ယွမ်​​ဆွေဖုန်းက အသိတရားတွေ ကင်းကွာပြီး ဘာလုပ်​ဘာကိုင်​ရမှန်းမသိ စိတ်​နဲ့ကိုယ်​နဲ့ကင်းကွာ​နေတယ်​။

သူ့မှာရှိတဲ့ တစ်​ခုတည်း​သောအသိက. သူအခုချက်​ချင်း ​ကျောက်​ယွင်​ချီ​နောက်​ လိုက်​သွားပြီး ​သေ မ​သေ အသိအမှတ်​ပြုချင်​တာပဲ။ ဒါ​ပေါ့ သူဟာ ​အောက်​က​ရေ​တွေက ဘယ်​လို​ရေအမျိုးအစားလဲဆိုတာကို ​မေ့​နေပြီ။

Idiot Seme Where stories live. Discover now