《9》

11.9K 1K 53
                                    

Taehyung~

" ဘာမှ မဖြစ်ပါဘူး Jungkookရယ် ~ ခဏနေ Jiminလာလိမ့်မယ်"

ကျောင်းဆင်းတော့ ကျောင်းပေါက်ဝ၌ ရပ်စောင့်နေသော
ကျွန်တော့်ကို Jungkookက စိတ်မချစွာဖြင့် အတူရပ်စောင့်
မည်ဟု ပြောနေတာကြောင့်ကျွန်တော် ငြင်းနေရခြင်းသာ....

ဒီနေ့ မှ ဘာလို့မှန်းမသိ Jiminကလည်း လုံးဝ မထွက်လာ
သေး....တစ်ခုခု များဖြစ်နေသလားမသိ....ကျွန်တော် ရပ်
စောင့်ရင်း စိတ်ပူလာသည်.....

" အဲ့ ဂျပုက ဘာလို့ မလာသေးတာလဲ? "

" Jungkook! မင်းအရပ်ရှည်တိုင်း Jiminnieကို အဲ့လို
မခေါ်နဲ့လေ....သူက အကြီး! "

ကျွန်တော် ခပ်တည်တည်ဖြင့် ပြောလိုက်တော့ Jungkook
က ဂရုမစိုက်သလိုဖြင့် အကြည့်လွှဲသွားသည်....Jungkook
က ကျွန်တော့်ရယ့် အိတ်ရော သူ့ရယ့် အိတ်ပါ ၂ခုလုံးကို
လက်တစ်ဖက်တည်းဖြင့် ကိုင်ထားသည် ~ ဖြတ်သွားသော
ကောင်မလေးများကလည်းJungkookကို ငေးကြည့်
သွားကြသည်....

မငေးကြည့်ရိုးလား? Jungkookက ကျောင်းအင်္ကျီအဖြူ
ကို အပေါ်ကြယ်သီး ၄လုံးက ဖြုတ်ထားတာကြောင့်
အရမ်းကို sexy ကျနေသလိုပင်.....ကောင်မလေးများ
ကလည်း တခိခိ နှင့်ရယ်ကာ Jungkookကို ငမ်းရင်း
တွတ်ထိုးနေသည်....

" ကျစ် ! "

" Eww........Jelous baby? "

Jungkookက ပြုံးရင်း ကျွန်တော့်ကို မေးလာတာကြောင့်
ကျွန်တော် မျက်စောင်းထိုးလိုက်မိသည်....

" ဒါဆို ငါ အပေါ်အင်္ကျီကို အဲ့လို ကြယ်သီးဖြုတ်ပြီး အခြား
Alpha တွေရှေ့ ဖြတ်လျှောက်-- "

" လုပ်ရဲ လုပ်ကြည့်! "

Jungkookက စကားပင်မဆုံးခင် ဒေါသတကြီး ဖြတ်ပြော
တော့ ကျွန်တော် ရယ်လိုက်မိသည်....နောက်တော့ ကျောင်းထဲက
ထွက်လာသော Yoongi??

သူ့ရယ့် မျက်နှာ၌ ဖူးယောင် နေသည် ~ ပါးစောင် ၌
လည်း သွေးစ အချို့ဖြင့်....ကြည့်ရတာ တစ်ယောက်
ယောက် ထိုးလိုက်သည့်ပုံပင်....

"Yoongi hyung...ဘာဖြစ်လာတာလဲ ? "

Jungkookလှမ်းမေးတာကိုပင် မဖြေ ~ ကျော်ကာ
ထွက်သွားလေသည်.....နောက်မကြာလိုက် Jiminnie
ထွက်လာသည်.... မျက်နှာသိပ်မကောင်းတာကြောင့်
ကျွန်တော် စိတ်ပူသွားကာ....

My Alpha  (KOOKV)✔Where stories live. Discover now