《20》

8.4K 846 21
                                    

Third person view~

Hyungwon သစ်ပင်အကွယ်မှ မလှမ်းမကမ်း၌ စကားပြော
နေသော Jungkook နှင့် Mr.Jeon ကို ကြည့်ရင်း
တွေးနေမိသည်....သူအခု Mr.Jeonပြောနေတာတွေကို အကုန်ကြား
နေရသည်....သူ မျက်မှောင်ကြုတ်လိုက်ရင်း Mr.Jeon ကို
စိုက်ကြည့်နေမိသည်....

Mr.Jeon ကို စတွေ့တည်းက Hyungwon စိတ်ထဲ
သူနဲ့ ပတ်သက်ပြီး တစ်ခုခုကို မသကာင်္ခဲ့ပါ....ဟိုတစ်နေ့က
သူတို့တွေ pack ဧည့်ခန်းထဲ၌ စကားပြောနေစဉ် ချောင်း
နားထောင်ခဲ့တာလည်း Mr.Jeon မှန်း Hyungwon
သိသည်....

Hyungwon က သာမာန် မဟုတ်....လူ တစ်ယောက်
ကို ကြည့်လိုက်တာနှင့် ထိုလူနှင့် ပတ်သက်တာ ကို အကုန်
မဟုတ်ရင်တောင် အနည်းဆုံး ၅၀% တော့ သူသိသည် ~
ဒါက သူ့ရယ့် မွေးရာပါ အစွမ်းအစပင်....သူသိလိုက်ရတာက
Mr.Jeon က Jungkookကို မုန်းနေသည်ဆိုတာပဲ ~
ဒါကိုတော့ သူ အသေအချာသိနေသည်....

နောက်ပြီး အခုကိစ္စ၌လည်း Mr.Jeon တစ်ခုခု လုပ်ထား
မည်ဟုလည်း Hyungwon ထင်မိသည်~ အစက
Wonho တို့ကို မပြောဖို့  သူစဉ်းစားခဲ့သည်....

သူပြောတာကို ယုံမည့်သူ သိပ်မရှိပါ....ဘယ် အဖေက
ကိုယ့် သားအရင်းကို ဒုက္ခ ရောက်အောင်ကြံမည်တဲ့လဲ ?
ဒါပေမယ့် Mr.Jeon ကတော့ မတူပါ ~ Hyungwon
သိသည်....Jungkookကို တမင် Mr.Jeonက ဒီ Pack
က ထွက်သွားအောင်လုပ်လိုက်တယ်ဆိုတာ....

" သူ ဘာလို့ Taehyungကို ထားသွားခိုင်းတာလဲ ?
မဟုတ်မှ......"

Hyungwonရေရွတ်နေရင်း လန့်သွားရသည် ~ အခုသူ
ထင်တာ မှန်လျှင် Mr.Jeonသည် Taehyung ကို
Omega မှန်းသိသွားလို့ လိုချင်နေတာဖြစ်မည်...

မဖြစ်ဘူး! သူ အကုန်လုံးကို သိအောင်ပြောပြရမည် ~
မဟုတ်လျှင် Taehyung ဒုက္ခရောက်တော့မည်...

Hyungwon တွေးရင်း လှည့်ထွက်လိုက်သော်လည်း
ရှေ့က မြင်လိုက်ရတယ့် Mr.Jeon ကြောင့် သူ ရပ်သွား
ရသည်....

" Alpha...."

Hyungwon ရေရွတ်လိုက်ရင်း ခုနက နေရာကို ကြည့်
မိတော့ Jungkookက မရှိတော့! Jungkookက ထွက်
သွားနှင့်ပြီ....

" Alpha Shin Wonho ရယ့် Luna လေးက
ဒီမှာ ဘာလုပ်နေတာလဲ ? "

Mr.Jeon ပြောရင်း ရှေ့တိုးလာတော့ Hyungwon လည်း
လန့်ကာ နောက်ဆုတ်မိသည်....သူက beta ဖြစ်တာကြောင့်
Alpha ကို မနိုင်ပါ...သူ wonho ကို Link နဲ့ ဆက်သွယ်
လိုက်မိသည်....

My Alpha  (KOOKV)✔Donde viven las historias. Descúbrelo ahora