Episode.2

7.4K 435 2
                                    

အမြဲလိုလိုမာကျောခက်ထန်နေတဲ့
သူ့မျက်နှာနုနုပေါ်တွင်
အရှားပါးဆုံးအရာကိုပြောပြပါဟု
ဆိုလာလျှင်...ထိုလူသား၏
ပါးရှရှနှုတ်ခမ်းထက်က
အပြုံးလှလှကိုသာညွှန်းရန်ရှိသည်။

သို့သော်ထိုအပြုံးကားရှားသည်..။
ပြုံးလာခဲ့လျှင်တောင်တချိန်တုန်းက
လိုဖြူစင်သောအပြုံးမျိုးတော့မဖြစ်နိုင်တော့ချေ။

"အမေ"ဟူသောဝေါဟာရဟာ
ကျတော့်အတွက်အင်မတန်
နားကြားပြင်းကပ်စေသယောင် ။
သူမယခုချိန်ထိအသက်ရှင်နေဆဲပါ ။
သို့သော်..ဖေဖေမဟုတ်သော
တခြားသူတယောက်၏ရင်ခွင်၌
ပျော်ပါးနေသောသူမကို
ကျတော်လက်မခံနိုင်ချေ ။
ဘယ်တော့မှလဲလက်ခံလာနိုင်လိမ့်မည်မဟုတ်။

ဤမှောင်မိုက်လှသော
ထွက်လမ်းမရှိတဲ့ဝင်္ကပါထဲကို
သူမကြောင့်ကျတော်ရောက်လာခဲ့ရတယ် ။
ဖေဖေကလွဲ၍ယောက်ျားမှန်သမျှနှင့်
ထည်လဲတွဲနေသောသူမအား
ကျတော်ပြောမပြတတ်အောင်မုန်းသည်။
သူမကြောင့်အသက်ပေးသွားခဲ့ရသော
ဖေဖေကိုလဲ တုံးအ လှချည်လားဟုသာ
အပြစ်တင်ချင်မိသည်...။

သို့သော်..ထိုအရာများကိုဘဝပေးသင်ခန်းစာဟုခံယူကာရှေ့ဆက်လာခဲ့သောကြောင့်
ကျတော်Jeon Jungkookဟာ
မြေအောက်စီးပွားရေးရဲ့
ဘုရင်တပါးဖြစ်နေပြီလေ။
ထိုသို့ဖြစ်အောင်ဖန်တီးခဲ့သော
သူမအားပဲကျေးဇူးတင်ရမလိုလို ။

သေချာသည်တခုကတော့...
တုံ့ပြန်မှုတိုင်းမှာတန်ပြန်သက်ရောက်ခြင်း
ရှိနေတဲ့လောကနိယာမကို
ိုပစ်ပယ်နေသောထိုမိန်းမဆီသို့
တန်ပြန်သက်ရောက်ခြင်းဟူသောအရာက
ိုကျတော်ပေးချင်မိခြင်းပင်။

***********************************

မှိုင်းပြပြကောင်းကင်အောက်တွင်
ခြေဦးတည့်ရာလှမ်းလျှောက်ရင်း
သက်ပြင်းကြီးကြီးချမိပါရဲ့။

ဟိုသကောင့်သားနှစ်ယောက်မှာတော့
အကြောင်းကိစ္စအမျိုးမျိုးကြောင
့်အရင်သွားနှင့်ပြီတဲ့။
ကျတော်ဆိုသည့်ကောင်ဟာလဲ
အိမ်နှင့်ဝေးသထက်ဝေးမယ
့်လမ်းကြိုလမ်းကြားကိုရှာဖွေ၍
အပြန်လမ်းဖောက်နေသူ..။
သူတို့နှစ်ယောက်မပါတော
့ဒီနေ့ရဲ့အိမ်ပြန်လမ်းက
ပိုကြာတော့မည်မှာအမှန်ပင်။

Reflection // °KV•Where stories live. Discover now