ဒေါ် ခင်ခင်ဖြူ တစ်ယောက် တည်းရာ Hotel ကနေ အဆောင်ပိုင်ရှင် အန်တီစောဆီ ဖုန်းဆက်လိုက်လေသည်။
" ဟဲလို "
" ဟဲလို အစောလား ဖြူပါ ခင်ခင်ဖြူလေ "
" အော် ဖြူ သမီးဖြူ ဆီဆက်တာလား "
" မဟုတ်ဘူး အစော ဖြူ အစောကို မေးစရာရှိလို့ပါ "
" အော် မေးလေ ဖြု "
" ဟိုလေ သမီး နဲ့ အခန်းဖော် ကောင်မလေး အကြောင်း အဲ့တာ တချက်လောက်သိချင်လို့ "
" အော် ဘာလို့လဲ့ ဖြူ ကောင်မလေးက အေးပါတယ် ဖြူ နဲ့လည်း တည့်ပါတယ် ဘာဖြစ်လို့လဲ "
" အော် ဟုတ်ပါတယ် သမီးကလဲပြန်လာတုန်းက ခနခနပြောပြတော့ အဲ့တာ သူ့အကြောင်းနဲ့ ph နံပါတ်လေးသိချင်လို့ပါ "
" တခြားမဟုတ်ပါဘူး အစောပြောပြတော့ ပိုသိရတာပေါ့ နောက်ပြီး သူ့ ph no ပေးသိပီး ကျေးဇူးတင်စကားပြောမို့ပါ "
" အော် အေးပါ မေလေးက အေးပါတယ်ုအရှုပ်အရှင်းလဲမရှိဘူး ကုမ္ပဏီတခုမှာ စာရင်းကိုင်လုပ်နေတာ ခပ်ဟော့ဟော့ထဲကမဟုတ်ပါဘူး စိတ်ချပါ "
" အင်းပါ ဟို ဖြူ ကို သူ့ ph noလေး "
" အော် အေးအေး လိုက်မှတ်နော် "
" အင်း "
" 09 ----- အဲ့တာပဲ ဖြူ "
" အော် အေးအေး ဒါပဲနော် ကျေးဇူး အစော သမီးလေးကိုလဲ ကြည့်ပေးပါအုံးနော် "
" အေးပါ "
ဒေါ်ခင်ခင်ဖြူ လဲ ph ချလိုက်သည်နှင့် အတု သက်ပြင်းပါ ချလိုက်လေသည်။
" ဟူးးး "
" ဘာတဲ့လဲ မိန်းမ "
" အစောပြောစကားအရတော့ ကောင်မလေးက အေးပါတယ်တဲ့ ခပ်ဟော့ဟော့ထဲကမဟုတ်ဘူးတဲ့ ကုမ္ပဏီတခုမှာ စာရင်းကိုင်လုပ်နေတာတဲ့ ဒီမှာ ph no "
" အင်း ကိုယ့်သားသမီးကြောင့်သာ လက်မခံနိုင်လို့ ပြောရမှာ ကလေးမလေးကိုလဲ သားသမီးချင်း ကိုယ်ချင်းစာပါတယ် ဒါပေမယ့် "
" ဟို ကောင်မလေးကို ခ်ျန်းပြီး သေချာနားလည်အောင် ရှင်းပြဆုံးမပြရမှာပေါ့ အစောပြောသလိုဆို သူလေးက နားလည်မယ့်ပုံလေးပါ "
YOU ARE READING
" မုန်းမေ့လို့မရ " " မုန်းမေ့လို့မရ "
Romance" မုန်းတယ် ရှင့်ကိုမုန်းတယ် ...... " " သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အမြဲရှိနေခွင့်ရလို့ ကျေနပ်ပါတယ် ...... " မုန်းတယ် ရှင့်ကိုမုန်းတယ် ...... " " သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အမြဲရှိနေခွင့်ရလို့ ကျေနပ်ပါတယ်...