မုန်းမေ့လို့မရ

2.7K 196 14
                                    

မေမဒီတစ်ယောက် ကန်တော်င်္ကြီးထဲတွင် ငိုရင်း ခနတာမေ့ချင်၍ spy တွေ ထိုင်သောက်နေမိလေသည်။ သူမ ဘာလုပ်ရမည်နည်း။

ရင်ဖွင့်ရမည့် သူငယ်ချင်း အပေါင်းအသင်းကလဲ သူမတွင်မရှိပေ။ နောက်ဆူံး သူရီဝေလာလေသည်။စိတ်ထဲက လူတစ်ဦးပေါ်လာသည်မို့ သူဖုန်းလေးထုတ်ကာ contacts ထဲက နာမည်လေးတခုကို နှိပ်လိုက်တော့လေသည်။

ဖုန်းဝင်သွားသည်။ တဖက်မှ ထူးသံကြားလိုက်၍ သူ အားကိုးတကြီး ပြန်ထူးလိုက်လေသည်။

" ဟဲလို ကိုကောင်း "

" ဟဲလို မေ ပြောလေ "

" ဟင့် ဟင့် "

" မေ ငိုနေတာလား ဘာလို့လဲ "

" ကိုကောင်း မေ ဘာလုပ်ရမလဲဟင် ဟင့် ဟင့် "

" မေ ဘာဖြစ်တာလဲ ခုဘယ်မှာလဲ "

" မေ ကန်တော်ကြီးမှာ ကရဝိတ်ဘက်က ရေစပ်နားမှာ "

" okok ကိုယ်ခုလာပြီ ခနစောင့်နေ "

မေမဒီ ကောင်းဆက်ကိုနဲ့ phပြောပြီး ချလိုက်လေသည်။ခနနေတော့ သူမ ဖုန်းလေးထပ်မြည့်လာလေသည်။

" ငါ့နားမှာ နင်သာရှိရင် အရာရာ စွန့်လွှတ်နိုင်သွားပြီ ကျန်တာ ငါ့တွက်ဘာမှ ထပ်မလိုတော့ဘူး "

သူမသိလိုက်လေသည်။ဖုန်းပေါ်မှ ကလေးဆိုသည့် နာမည်လေးနဲ့ ဖုန်းအသံက သူ့ကလေးဆီကဆိုတာ သူသိလိုက်လေသည်။

" sry ပါကလေး မ တောင်းပန်ပါတယ် "

သူငိုရင်း phကိုသာကြည့်နေမိလေသည်။ဖုန်းဘေးပြန်ငြိမ်သွားပြီး ထပ်မြည်လာသည်။ သူph ပိတ်ပစ်လိုက်တော့သည်။

သူဘာလုပ်ရမည်နည်း။ခုချိန်မှာ သူနာကျင်နေသည်ကလွဲ၍ သူမသိတော့။

ခနနေတော့ သူ့ဆီ ကောင်းဆက်ကို ရောက်လာလေသည်။

" မေ မေ ဟင် ဘာလို့ အဲ့တာတွေသောက်နေတာလဲကွာ "

" ကိုကောင်း ဟင့်  မေ လေ မေ ဘာလုပ်ရမလဲဟင် ဟင့် ဟင့် "

" မေ ဘာလုပ်ရတော့မလဲ "

" မေ ဒီရင်ဘတ်ထဲက နာတယ် ဟင့် ဟင့် "

အမူးသမားတို့သည် ရီဝေနေချိန် ပို၍ ဝမ်းနည်းတတ်သည်ဆိုလိုပဲ သူမ ကောင်းဆက်ကို အား တွေ့မှ ပိုငိုချင်နေမိလေသည်။

" မုန်းမေ့လို့မရ "   " မုန်းမေ့လို့မရ " Where stories live. Discover now