Part-39

9.7K 980 78
                                    

"ကျောက်ကတော်ကိုတော့ ဘုံကျောင်းမှာ ရှိနေတဲ့ ကျောက်ဖိန့်အော်ဆီပို့လိုက်တယ်မလား.တစ်သက်လုံး တရားကျင့်ပါစေ.။ကျောက်မင်ဝမ်ကို ခုထိ မမိသေးဘူးဆိုတော့ အိမ်ရှေ့စံမင်းသားရော မင်းသားမင်ထိုက်ပါ ဂရုတစိုက်ဆင်ခြင်ကြပါ.။"

"ဟုတ်ကဲ့ပါ ခမည်းတော် သားတော်တို့ဆင်ခြင်ပါ့မယ်"

စိတ်အေးချမ်းစွာ စကားလက်ဆုံပြောခြင်း သည် အော်ခန်း တို့ လွီလုက ပြန်လာပြီးကတည်းက ခုမှ ပထမဆုံးဖြစ်သည်.။မင်းကြီးက အခန်း၏ ထိပ်ဆုံးခုံတွင် ထို်င်နေပြီး အော်ခန်းနှင့် မင်ထိုက်က သိပ်မဝေးသည့် ခုံတစ်ဖက်တည်းတွင် အတူထိုင်နေသည်.။

"ခမည်းတော် ကို ကျွန်တော်တစ်ခုတောင်းဆိုချင်ပါတယ်."

"ပြောပါ.အမှုကို ဖော်ထုတ်ပေးထားတော့ ငါကိုယ်တော်က မင်ထိုက်ကို ဆုပေးရမှာပေါ့."

ခပ်ပြုံးပြုံးပြောလာသော မင်းကြီး ကြောင့် မင်ထိုက် အနည်းငယ်အားတက်သွားရသည်.။

"ပိုင်ချင်းဝမ် နဲ့ ထိမ်းမြားခွင့်ပေးပါ.ခမည်းတော် "

မင်းကြီး က လက်ဖက်ရည်ပန်းကန်လုံး ကို တစ်ကျိုက်သောက်လိုက်ပြီး မှ ပြန်ချလိုက်သည်.။

"မင်းကို လက်ဆက်ချင်တဲ့ အမတ်ကြီး တွေရဲ့သမီးတွေ တခြားတိုင်းပြည်က မင်းသမီးတွေ အများကြီး ရှိနေတာကို..မင်းက အဲ့မိန်းကလေးကိုပဲ လက်ဆက်ချင်တယ်လား."

"ဟုတ်ပါတယ် ခမည်းတော်.. ကျွန်တော် ရဲ့ တစ်ဦးတည်းသော မိဖုရားအဖြစ် ချင်းဝမ်ကိုပဲလက်ဆက်ချင်ပါတယ်. ။ သူကလည်း ယဉ်ကျေးသိမ်မွေ့ပြီး လိမ္မာရေးခြားရှိတဲ့ မိန်းကလေးပါ. ခမည်းတော် ခွင့်ပြုပေးပါ."

"ငါကို်ယ်တော်သိပါတယ်. ပိုင်မောင်နှမ အကြောင်းစုံစမ်းခိုင်းခဲ့ကတည်းက ငါ အားလုံးသိပြီးသား.။လက်ရှိ အမတ်ကြီးရဲ့ မွေးစားသမီးလည်းဖြစ်တယ်.ပြီးတော့ ပြစ်မှုကင်းရှင်းတဲ့ ပိုင်မျိုးရိုးကလည်းဖြစ်တယ်.. ငါကိုယ်တော်က ဘာကန့်ကွက်စရာရှိလဲ ခုလည်း ပါလာတယ်မလား..ပန်းဥယျာဉ်ထဲမှာ တွေ့လိုက်တယ် ခေါ်လိုက်."

နှလုံးသားထဲက ဒဏ္ဍာရီWhere stories live. Discover now