16

3.8K 500 29
                                    

"ကျွန်မ .. Hyemi ပါ .. ကျွန်မတို့
တစ်ခါ ဆုံဖူးကြတယ်လေ .. မှတ်မိလား ? "

ရဲရဲတင်းတင်းဆိုလာတဲ့ အရှေ့မှ မိန်းကလေး
ရဲ့ အမေးကို သူ .. ခေါင်းငြိမ့်ပြလိုက်တယ် ..

ဒါဟာ .. Jeon ရဲ့ သတို့သမီးလောင်းမဟုတ်လား။

ဒါပေမဲ့ ..သူမက သူရှိနေတဲ့ ဂေဟာအထိကို
ဘာကိစ္စနဲ့ ရောက်လာတာပါလိမ့် .. !?

ခုံတန်းလေးပေါ်မှာ ဘေးချင်းကပ် ထိုင်လိုက်ကြပေမယ့် သူ တတ်နိုင်သမျှ သူမနဲ့ ခပ်ဝေးဝေးမှာ ထိုင်လိုက်တယ်။

"မင်္ဂလာဆောင်ကို မလာပါနဲ့ .."

ရုတ်တရက်ထွက်လာတဲ့ သူမ စကားကြောင့် သူ့မျက်ဝန်းတို့က ဝိုင်းစက်သွားရတယ် ..

"ဒါကို လက်ဖွဲ့တစ်ခုလို့ သဘောထားလိုက်ပါ့မယ် .. "

ဒါပေမဲ့ .. ဘာလို့လဲ .. ?
ဘာဖြစ်လို့ Jeon ရဲ့ မင်္ဂလာပွဲကို သူက သွားလို့မရတာလဲ ?
သူမကရော ဘာသဘောနဲ့ ဒီအထိလာပြီး
ဒီစကားကို ပြောရတာလဲ ?

မေးခွန်းပေါင်းမြောက်များစွာနဲ့ သူမကို
ငေးနေမိတုန်းမှာ သူမက ထရပ်လိုက်တယ်။

"အဖြေတစ်ခု လိုအပ်မယ်ဆိုတာ သိပါတယ်။
ဒါပေမဲ့ အဲ့ဒီနေ့လေးပဲ Jungkook ရဲ့ အရှေ့ကို လုံးဝ မပေါ်လာပါနဲ့ ..
ဒါဟာ ကျွန်မရဲ့ ပထမဆုံးနဲ့နောက်ဆုံး တောင်းဆိုမှုတစ်ခုပါ ..
ပြီးသွားရင်တော့ Jimin-shi သိချင်တဲ့ .. အဲ့ဒီ ဖြေရှင်းချက်ကို ကျွန်မပေးပါမယ် .. "

သူမရဲ့ စကားကို နားလည်ဖို့ ကြိုးစားနားထောင်နေရင်း ခေါင်းကိုလည်း ငုံ့ချထားမိတယ် ..

အမှန်က ငါ အရမ်းမွန်းကြပ်နေတာ .. Jeon ။

"လက်ဖွဲ့အတွက် ကျေးဇူးတင်ပါတယ်
Jimin-shi .. "

လက်ကိုင်အိတ်ကို ဆွဲယူကာ နေရာကနေ
ထွက်သွားလိုက်တဲ့ သူမကို .. နှုတ်ဆက်ဖို့
အင်အားတောင် မရှိတော့ပါလား .. ။

သေချာပြီ ..

ကံကြမ္မာဆိုတာကြီးက ငါ့ကို သိပ်မုန်းနေတာ ထင်ပါရဲ့နော် ... Jeon

* * * * *

MUTE [JIKOOK] ✔✔Where stories live. Discover now