SILENCE

6.2K 428 40
                                    

ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးမှိုင်းတွေ ဝေနေလေသည်။ လူအများကလည်း
မီးလောင်နေသော အဆောက်အအုံ နံဘေးနားကနေ ပြာယာခတ်စွာ ပြေးလွှားအော်ဟစ်နေကြသည်။ မီးသတ်ကားရောက်ဖို့ကလည်း ဒီနေရာက
မြို့အပြင် လယ်တောဖက်ဆိုတော့ အချိန်က ကြာလှသည် ။

"ကယ် .. ကယ်ကြပါဦး
ကျွန်မသားလေးက အထဲမှာ ထင်ပါရဲ့ "

အမျိုးသမီးတစ်ယောက်ရဲ့ အော်ဟစ်ငိုကြွေးလိုက်သံအဆုံးမှာ အာမေဋိတ်သံတစ်ချို့ ပေါ်
ထွက်လာကာ .. သူပဲ ဝင်ရတော့မလို ငါပဲ သွားရမလိုတွေဖြစ်လာသည် ။

"အခုဝင်လို့မရဘူး .. အတွင်းပိုင်းမှာ မီးက အတော်လေး ဆိုးဝါးနေတယ် .. "

"ဒါ .. ဒါဆို .. ကျွန်မ သားလေး
ကျွန်မ သားလေး..  "

အော်ဟစ်ငိုယိုပြီး မေ့မြောသွားသည့် အမျိုးသမီးကို သူမ၏ ယောကျာ်းဖြစ်သူက အလျင်အမြန် ထိန်းပွေ့လိုက်ရသည်။

" .. ကလေးအမေ သတိထားပါဦး .. "

"ကလေးက .. အထဲမှာတဲ့ ဘယ်လိုလုပ်ကြမလဲ ?? "

"မီးသတ်ကားက လာနေပါပြီတဲ့ "

အကုန်လုံး စိုးထိတ်နေသည့်အချိန်မှာ
အဆောက်အအုံက တစ်စ တစ်စ ပိုမို ပြိုကျလာသည် ။ နဂိုစက်ရုံဟောင်းဆိုတော့
မီးလောင်လွယ်သော အရာတွေအများအပြား
ရှိနေသေးသည် ။ လူတွေက လွှင့်ထွက်လာသည့် အပျက်အစီးတို့ကို ရှောင်ရှားရင်း ခပ်ဝေးဝေးတစ်နေရာသို့ မြန်မြန် ရွေ့ကြရသည်။

မီးတောက်တွေက မကောင်းဆိုးဝါး တစ်ကောင်သဖွယ် အရာအားလုံးကို တတိတိဖြင့် ဝါးမြိုနေလျက် ..
အကုန်လုံးလောင်ကျွမ်းသွားလျင်က အကြောင်းမဟုတ် ..
အခုက အတွင်းထဲမှာ လူရှိနေသည်ဟုဆိုသည် မဟုတ်ပါလား ..  ?

"ဟင် .. ဟိုမှာ !?"

"ကလေး ..  ကလေးတွေပါလား "

ထိုအသံကြောင့် လှမ်းကြည့်လိုက်ကြတော့ ..
ကိုင်းတောဖက်မှ ထွက်လာသည့်
ကလေးငယ်နှစ်ယောက် ..
တစ်ယောက်က သတိမေ့နေဟန်တူသည့် ကလေးငယ်တစ်ယောက်ကို တွဲထားရင်း သွေးတွေရွှဲနှစ်နေသည့်ကြားကနေ သူတို့ဖက်သို့ မျှော်လင့်တကြီး လှမ်းကြည့်နေသည် ။

လောင်ကျွမ်းနေသည့်
စက်ရုံအနောက်ဖက်ကနေ လူသူ ရှိသည်အထိ အားတင်းပြီး လျှောက်လာသည် ထင်သည်။

သို့သော် မီးတွေကြားက မည်သို့ရှောင်ရှားကာ လွှတ်လာသည်ကို စဉ်းစားကြည့်နေချိန်မရပါ။

သတိလစ်နေသည့် တစ်ယောက်က ခေါင်းတွင်
သွေးများထွက်ကာ ပြင်းပြင်းထန်ထန် ထိခိုက်ထားပုံရပြီး ကျန်ကလေးငယ်က ခြေထောက်နှင့် ကျောပြင်တွေမှာ အနီရင့်ရင့် သွေးတို့ဖြင့် ရွှဲနှစ်လို့နေသည်။

"ဘာလုပ်နေတာလဲ!!
ကလေးတွေကို မြန်မြန် သွားမခေါ်ပဲနဲ့ !! "

ကယ်ဆယ်ပေးမည့် လူတွေ ရောက်သွားတော့မှ ထိုကလေးငယ်သည် အသိစိတ်ကို လွှတ်ချလိုက်သည် ထင်ပါရဲ့ ..
သတိလစ်သွားသည့် ခန္ဓာကိုယ်လေးက မြေပြင်ပေါ်သို့ ရိုက်ခတ်လဲကျသွားသည် ။

ထိုကလေးငယ်သည် သူတို့ကို ဆေးရုံကားဖြင့် ခေါ်ဆောင်သွားဖို့ ပြုသည့်အထိ
ဆွဲကြိုးလေး ဆွဲထားသော ကလေးရဲ့ လက်ကလေးတစ်ဖက်ကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေသည် ။

  " Hyung စောင့်ရှောက်မှာပါ .. "

*
*
*
*
*
*
*
*
*


"မပြောပြဖြစ်လိုက်တဲ့ အမှန်တရားတွေကြောင့် သနားစရာ
နှလုံးသားဟာ ထပ်ပြီး နာကျင်ရပြန်တယ် "

"မပြောပြဖြစ်လိုက်တဲ့ အမှန်တရားတွေကြောင့် သနားစရာနှလုံးသားဟာ ထပ်ပြီး နာကျင်ရပြန်တယ် "

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

SILENCE  ...... Coming Soon !!
(sequel to 'MUTE')

MUTE [JIKOOK] ✔✔Where stories live. Discover now