ELDO-3

523 80 16
                                    

ရှစ်တန်းနောက်ဆုံးစာမေးပွဲဖြေပြီးသည်နှင့် မရောက်တာ ကြာပြီဖြစ်တဲ့ ရပ်ကွက်ထဲ ပြန်လည်ခြေချတော့ မဆုရဲ့အကြော်ဆိုင်မှာထိုင်ပြီး အကြော်စားနေသော အစ်ကို့ကို မမျှော်လင့်ဘဲ ပြန်တွေ့လိုက်ရ၏။ ရန်ကုန်က ပြန်ရောက်နေပြန်တာလား။ နိုး ဝက်ဝံက ပျားရည်အိုးထဲ မှောက်နေသော ကာတွန်းပုံအကျီဖြင့် အိမ်ထဲကထွက်လာသဖြင့် ပြန်လှည့်ရန်ပြင်လိုက်စဉ် မဆုရဲ့အော်သံက နောက်ကျောမှ ကျယ်လောင်စွာ။

"နိုးနိုး ငါ့တူမ စာမေးပွဲဖြေနိုင်လား"

နိုးနိုး အင်တင်တင်မျက်နှာထားဖြင့် နောက်ပြန်လှည့်ကြည့်တော့ အစ်ကိုက အံ့သြသွားသော မျက်ဝန်းတစ်စုံဖြင့် နိုးကို စိုက်ကြည့်နေခဲ့၏။ မတတ်နိုင်ပါ...နည်းနည်းပါးပါးပြုံးပြ၍သာ အစ်ကို့တစ်ခုံကျော် ဝင်ထိုင်လိုက်ရတော့သည်။

"မဆု နေကောင်းလား။"

"ကောင်းပါတယ် နိုးနိုးရဲ့ မတွေ့တာတောင်ကြာနေပြီ။"

အကြော်သည်နှင့် ဟိုရောက်ဒီရောက် စကားပြောနေရသော်လည်း အာရုံတစ်ခုလုံးက အစ်ကို့ဆီမှာ။ အစ်ကို ဘယ်တုန်းကရောက်သလဲ။ ဘာလာလုပ်တာလား။ ဘယ်နှစ်ရက်နေမှာလဲ စသဖြင့် သိချင်စိတ်တွေသာ များပြားနေခဲ့သည်။

"ငါ ဒီအကြော်တွေ သွားပို့လိုက်ဦးမယ်။ နိုးနိုး ဆိုင်ခဏကြည့်ပေးထားလို့ရတယ်မို့လား။"

နိုး မဖြေရသေးမီ အိမ်တွေထိ လာပို့ပေးရန်မှာထားခဲ့သော အကြော်ထုပ်များ လက်ဆွဲ၍ မဆုက ထွက်သွားခဲ့သည်။ နိုး ဒီလိုစုတ်တီးစုတ်ပြတ်ဖြင့် အစ်ကို့ကို မတွေ့ချင်ဘူးဟု ဆုတောင်းခဲ့ပေမယ့် အစ်ကိုနဲ့နှစ်ယောက်တည်း ကျန်နေခဲ့သည့်အတွက် စိတ်ရင်းကတော့ တခြားဖြစ်ခဲ့ဟန်တူသည်။

မချွဲကြော်တစ်ခုကို အချဉ်ရည်ဖြင့် စိမ်ကာ လက်ဖြင့်ဆယ်၍ စားလိုက်သည်။ ချဉ်လွန်းသဖြင့် မျက်နှာကို ရှုံ့လိုက်မိတော့ အစ်ကို့ဆီမှ ရယ်သံတိုးတိုးသည် မလိုချင်ပါပဲ ရောက်လာခဲ့၏။

"ကလေး ဖြေနိုင်လား။"

တစ်ဖက်ကိုသတ်ကိုယ်တိုင်သေသော ကစားပွဲတွင် အစ်ကိုက အောင်နိုင်သူဆုလာဘ်ဖြစ်သည်နိုး မျှော်မှန်းခဲ့သမျှတွင် အစ်ကိုသည် လူတကာဟားတိုက်မည့် ပန်းတိုင်တစ်ခုဖြစ်သည်

"ELDO"Where stories live. Discover now