Part 1

10.1K 363 16
                                    

Fujoshi​ရေးတဲ့ ဖူးစာ

  Intro
    အချစ်​ဆိုတဲ့အရာမှာ ဘယ်​လိုသတ်​မှတ်​ချက်​၊ ကန့်​သတ်​ချက်​မျိုးမှ မရှိပါဘူး ။ ဘယ်​သူမို့လို့ ဘယ်​သူ့ကို မချစ်​ရဘူးဆိုတဲ့ တားမြစ်​ချက်​တွေလဲ ရှိဖို့မလိုဘူး ။ အချစ်​ဆိုတာ အချစ်​ပါပဲ။
Part 1
   " ဟဲ့​ရှေ့က သုံး​ကောင်​ကိုကြည့်​ရတာ မရိုးဘူး​နော်​ပူးကပ်​နေတာပဲ လက်​တွေ​ခြေ​တွေကလည်း အငြိမ်​မ​နေနဲ့ 3 in 1 ကြီးများလား "
မြင့်​မိုရ်​စကား​ကြောင့်​ရွှန်း​ရှေ့တန်းကို လှမ်းကြည့်​လိုက်​တယ်​။
"​အေး ဟုတ်​တယ်​နော်​ငါတို့​ရှေ့မှာ အ​နေအထိုင်​မတတ်​ကြဘူး 😁😁ဟီးးး အကုန်​ပေးစားပစ်​လိုက်​မှာ "
ကျွန်​မတို့က Fujoshi​တွေ​လေ ။ LGBT Supporter ဆိုလည်း မမှားပါဘူး ။ ပွင့်​ပွင့်​လင်းလင်း​ပြောရရင်​ယောကျာ်း​လေး​တွေ  ပုခုံးဖက်​ထားရင်​တောင်​မ​နေနိုင်​မထိုင်​နိုင်​လိုက်​ကြည့်​ပြီး Ship ပစ်​တာ ။ Fujoshi ဆိုတာ ဂျပန်​စကားလုံးဖြစ်​ပြီး မြင့်​မြတ်​တဲ့ အမျိုးသမီးလို့ အဓိပ္ပာယ်​ရတယ်​လို့​လေ့လာဖူးတယ်​။ တချို့က​တော့ ကျွန်​မတို့ကို ကဲ့ရဲ့ကြတယ်​။ ဆဲကြဆိုကြတယ်​။ ဒါ​ပေမယ့်​ကိုယ်​တွေက​တော့ မမှုပါဘူး အရည်​ထူ​နေတာလည်း​ပါတာ​ပေါ့😁😁။ ဒါနဲ့​ရှေ့က 3 in 1 အ​ကြောင်း ဆက်​ရဦးမယ်​။ ကျွန်​မ ခန့်​မှန်းကြည့်​ရသ​လောက်​တော့ အလယ်​က တစ်​ယောက်​က Uke ဖြစ်​မယ်​။ဘေးက Seme နှစ်​ယောက်​က Uke​လေးကို ကြားညှပ်​ပြီး ဘာလုပ်​နေလဲ​တော့ မ​ပြောတတ်​ဘူးရယ်​။ ကျွန်​မတို့ သူငယ်​ချင်းနှစ်​ယောက်​ပါးစပ်​က နားရွက်​တပ်​ချိတ်​တော့မတတ်​ပြုံးကြည့်​နေကြတာ ။
  ကျွန်​မနဲ့ မြင့်​မိုရ်​နဲ့က ငယ်​ငယ်​ကတည်းက အချစ်​ဆုံး သူငယ်​ချင်း​တွေ ။ စိတ်​တူကိုယ်​တူ အကြိုက်​တူ ။နောက်​ဆုံး Fujoshi ဖြစ်​လာ​တော့လည်း အတူတူ ။ တစ်​ယောက်​နဲ့တစ်​ယောက်​နားလည်​မှု အရှိဆုံးသူငယ်​ချင်း​တွေပါ ။ အခု ကျွန်​မနဲ့ မြင့်​မိုရ်​က Final year​ဖြေထားပြီး​အောင်​စာရင်း​စောင့်​နေကြတာပါ။ကျောင်းပိတ်​နေတဲ့အချိန်​သင်​တန်း​တွေ လိုက်​တက်​တယ်​ပေါ့ ။ အခု ဇာတ်​လမ်းကလည်း English 4skills Class တစ်​ခုက​နေ အစပြုခဲ့တာပါ။
နောက်​နေ့​တွေက စပြီး သူတို့ဇာတ်​လမ်းကို​သေချာ​လေ့လာမိ​တော့မှ ဘယ်​သူက ဘာဆိုတာ သိလာတယ်​လေ ။ ၃​ယောက်​မှာ တစ်​ယောက်​က အ​ရောက်​ပို့​ပေးတဲ့ အ​မွှေစိန်​သပ်​သပ်​ပါ ။ သင်​တန်းမှာက​လေး​ယောက်​ထိုင်​ခုံတန်း​တွေပဲ သုံးတယ်​။ သူတို့အတန်းမှာ​တော့ ၃​ယောက်​ပဲ ထိုင်​ကြ​ပေမယ့်​အ​မွှေစိန်​ကို ရှိတယ်​လို့​တောင်​ထင်​ပုံမရဘူး  ကျန်​တဲ့နှစ်​ယောက်​က ပူးကပ်​ပြီး နှစ်​ယောက်​တစ်​ကမ္ဘာ တည်​ဆောက်​နေကြတာ ။ ကျွန်​မတို့ သင်​တန်းမှာ Yaoi couple မရှိဘူးဆိုပြီး စိတ်​ဓာတ်​ကျခဲ့တာ​တွေ့မယ့်​တွေ့​တော့လည်း အခန်းထဲမှာ ဆိုက်​ဆိုက်​မြိုက်​မြိုက်​ပဲ ။ အခု​တော့ ကျွန်​မတို့ Ship ဖို့ Couple ရပြီ​ပေါ့ ။ သူတို့နှစ်​ယောက်​နာမည်​က မှူးသက်​တန့်​နဲ့ လင်း​ခေတ်​နေ ။ အခုကစပြီး ဒီနှစ်​ယောက်​ကို Ship ဖို့ ဆုံးဖြတ်​လိုက်​ပြီ။ ကျွန်​မတို့ရဲ့ ပန်းတိုင်​က Ship တဲ့ Couple တိုင်း ညားဖို့ပဲ ။ 😁😁

Fujoshi ရေးတဲ့ဖူးစာ (Complete) Where stories live. Discover now