Part 5

3.4K 258 1
                                    

             မနက်​လည်း​ရောက်​​ရော ​ကျောင်းကို အ​စောဆုံး​ရောက်​​အောင်​ ရွှန်းနဲ့မြင့်​မိုရ်​ လာခဲ့ကြတယ်​။ ဟီးးးး ဘယ်​လိုမျိုး​တွေ ဖြစ်​သွားကြမလဲ သိချင်​လို့ အရမ်း​ တက်​ကြွ​နေတာ ။ ခဏကြာ​တော့ အ​မွှေစိန်​ သိန္ခနဲ့ လင်း​ခေတ်​​နေ တို့ အရင်​​ရောက်​လာကြတယ်​ ။ သူတို့ထိုင်​ခုံ​ရောက်​​တော့ သိန္ခက အရင်​မြင်​တာ ။
"ဟာ ​ခေတ်​​နေ ဟိုမှာကြည့်​စမ်း "
" ဘာလဲကွာ အလန့်​တကြား နဲ့ မင်းဟာကလည်း "
" ဟိုမှာ​လေ မှူးသက်​တန့်​ 💜 လင်း​ခေတ်​​နေတဲ့ 😂😂​ "
သိန္ခလက်​ညိုးထိုးပြတဲ့​နေရာကို ​ခေတ်​​နေလှမ်းကြည့်​ပြီး ပြုံးလိုက်​မိတယ်​။ အဲ့အပြုံး​လေး မမြင်​ရတာ  ကြာ​နေပြီ ။ သက်​တန့်​နဲ့ ​ခေတ်​​နေ ပြသနာတက်​ထားတာ​တော့ ​သေချာတယ်​ ။ အဲ့လိုအချိန်​ကတည်းက မမြင်​ရ​တော့တဲ့ အပြုံး​လေး ။ သူတို့နှစ်​​ယောက်​ တစ်​​ယောက်​နဲ့တစ်​​ယောက်​ စကားမ​ပြော​တော့ကတည်းက ​ခေတ်​​နေက အမြဲမှိုင်​​နေတာ ။ အခုသူတို့နှစ်​​ယောက်​နာမည်​က်ု စားပွဲ​ပေါ်မှာ မြင်​မှပဲ အရင်​လိုပြန်​ပြုံး​တော့တယ်​ ။ ​ခေတ်​​နေက အပြစ်​ကင်းတဲ့ က​လေး​လေးလိုပဲ ။ အဲ့လို​လေးပြုံး​နေတာ ရွှန်းအမြဲတမ်းမြင်​ချင်​မိတယ်​ ။
"အဲ့ဒါ ဘယ်​သူ​ရေးတာလဲ "
" ​သြော်​ သိန္ခရယ်​ ငါမင်းနဲ့အတူဝင်​လာတာ​လေ ငါ ဘယ်​လိုလုပ်​သိမှာလဲ "
အဲ့​တော့မှ သိန္ခက ​နောက်​လှည့်​ပြီး "ဟဲ့ ငါတို့ခုံမှာ ဘယ်​သူစာလာ​ရေးသွားတာလဲ သိလား " တဲ့ ။ ကျွန်​မတို့လည်း "မသိဘူး​လေ ဘာစာ​ရေးထားလို့လဲ "
" မှူးသက်​တန့်​ 💜 လင်း​ခေတ်​​နေ တဲ့ သူတို့တွဲ​နေကြတယ်​ဆိုတာ ဘယ်​လိုသိသွားကြပါလိမ့်​​နော်​ 😁😁 "
မှူးသက်​တန့်​ အတန်းထဲ​ရောက်​လာတာနဲ့ သိန္ခက ချက်​ချင်းစာကို ပြ​တော့တာပဲ ။ ရုပ်​ကခပ်​တည်​တည်​နဲ့ ဘာမှမ​ပြော​ပေမယ့်​ စိတ်​ဆိုးပုံ​တော့မ​ပေါ်ဘူး ။ ပုံမှန်​ဆို ​ယောကျာ်း​လေးနှစ်​ယာက်​ကို အဲ့လိုစကြရင်​ စိ​တ်​ဆိုးကြမှာပဲ ။ ဒါ​ပေမယ့်​ သူတို့ကအဲ့လို မဟုတ်​ဘူး ။ ကျွန်​မလည်း လုပ်​တုန်းကလုပ်​ပြီး တစ်​ခုခုဖြစ်​သွားမှာ​တော့ စိုးရိမ်​မိတာ ။ တခြား​တော့မဟုတ်​ပါဘူး အခု​တောင်​သူတို့က စကားမ​ပြောကြ​တော့ နာမည်​​ရေးတဲ့ကိစ္စ​ကြောင့်​ ပိုရှိန်​သွားကြမှာ စိုးရိမ်​တာ ။
"ခုံ​ပေါ်မှာ ​ရေးတာဘယ်​သူလို့ထင်​လဲ "
ငမှူးက အဲ့လို​မေးပြီး ကျွန်​​တော့်​ကို လာကြည့်​တယ်​ ။ သူ့အကြည့်​က အဲ့ဒါ ကျွန်​​တော်​​ရေးတာ သိတယ်​ဆိုတဲ့ ပုံစံမျိုးနဲ့ ။
"ငါတို့လည်း သိချင်​​နေကြတာပဲ​လေ မင်းတို့နှစ်​​ယောက်​ထဲက တစ်​​ယောက်​​ယောက်​လား " သိန္ခက ကျွန်​​တော်​တို့ကို လက်​ညိုးထိုးပြီး ​ပြောတယ်​ ။
"​တော်​စမ်းပါ သိန္ခရယ်​ အရူးမို့လို ငါက ​ရေးရမှာလား " ကျွန်​​တော်​လည်း ဘုကြည့်​ကြည့်​ပြီး ပြန်​​ဖြေလိုက်​တယ်​ ။ ငမှူး အခုထိ ကျွန်​​တော့်​ကို စကားမ​ပြော​သေးဘူး ။ ကျွန်​​တော်​လည်း သူစကားစ​ပြောမှ ​ပြောမယ်​ဆိုပြီး တင်း​နေတာ ။ အခုခုံ​ပေါ်မှာ စာ​ရေးတဲ့ ကိစ္စ​ကြောင့်​ ပို​ဝေးသွားမှာစိုးရိမ်​တယ်​ ။ သူငယ်​ချင်းဆိုတာ ဘယ်​​လောက်​အ​ရေးကြီးလဲ ။ ငမှူးမှာ အ​ပေါင်းအသင်း ​ပေါ​ပေမယ့်​ ကျွန်​​တော့်​မှာက သိပ်​ရှိတာမဟုတ်​ဘူး ။ အခုလိုမ​ခေါ်မ​ပြောနိုင်​ကြ​တော့ သူငယ်​ချင်းတစ်​​ယောက်​ ဆုံးရှုံးသွားရုံပဲရှိမယ်​ ။ ခုံ​ပေါ်က စာကိုလည်း ချက်​ချင်းပဲ ဖျက်​ပစ်​လိုက်​တယ်​ ။
"ဟဲ့ ရွှန်း​ရေ ဟိုမှာ နာမည်​ကိုဖျက်​ပစ်​လိုက်​ပြီ "
"သူတို့ဖျက်​ရင်​ ငါတို့ပြန်​​ရေးမယ်​​လေ 😁😁 "

Fujoshi ရေးတဲ့ဖူးစာ (Complete) Donde viven las historias. Descúbrelo ahora