part 3 😍😍

9.3K 648 10
                                    

part 3

"​မေ ဒါ​မောင့်​ရဲ့အချစ်​ဆုံးသူငယ်​ချင်း နှင်းစက်​​သွေးတဲ့
သွေး ဒါငါ့ချစ်​သူ ​မေအမရာတဲ့ ..."

မိတ်​ဆက်​စကားအဆုံးဖြစ်​​ပေါ်လာ​သော​မေအမရာဆို
တဲ့မိန်းက​လေးရဲ့အပြုံးလွင့်​လွင့်​ကို ​သွေး မျက်​ကွယ်​ပြု
ကာ​ရှေ့ကအ​အေးခွက်​ကိုအဓိပ္ပါယ်​မဲ့စိုက်​ကြည့်​​နေမိ
တော့သည်​ ။ဘာလဲ...အ​ရေးကြီးက္စိစရှိလို့ ​တွေ့ရ​အောင်​လို့​ခေါ်ရတဲ့အ​ကြောင်းက သူ့ချစ်​သူအသ
စ်​နဲ့မိတ်​ဆက်​​ပေးမလို့တဲ့လား ။သွေး ထိုသို့ရင်​နာနာ
တွေးရင်း မျက်​နှာထက်​တွင်​ဖြစ်​​ပေါ်လာ​သောအပြုးနုနု
ကအသက်​ကင်းမဲ့​နေ​တော့သည်​ ။

"ဟုတ်​ကဲ့ ​တွေ့ရတာဝမ်းသာပါတယ်​..."

"အတူတူပါပဲ ​..."

အ​အေးဆိုင်​အတွင်းသုံး​ယောက်​ကြားမှာရှိ​သော​လေထု
ကနည်းနည်း​တော့​အေးစက်​​နေသည်​ ။မာန်​က​တော့
မသိ​ပေမဲ့ ​သွေး နှင့်​ ​မေအမရာတို့၏မျက်​လုံးချင်းဆုံကာ
စိန်​​ခေါ်​နေမှု​တွေကပြင်းထန်​လွန်း​နေသည်​ ။

မေသိသည်​ ။နှင်းစက်​​သွေး ဆို​သော​ကောင်​​လေးရဲ့
အကြည့်​​တွေကသူမကိုလိုလားခြင်းမရှိဘူးဆိုတာ ။
မေအမရာ အနည်းငယ်​​တော့အံ့သြမိသည်​ ။ယခုသူမ
ရှေ့တွင်​ထိုင်​​နေ​သော​ကောင်​​လေးသည်​မိန်းက​လေး
တစ်​​ယောက်​ထက်​​တောင်​ချစ်​ဖို့​ကောင်း​နေသည်​မဟုတ်​လား ။နာမည်​နှင့်​လိုက်​​အောင်​အသားအ​ရေ​လေး
တွေကလည်းနှင်းပွင့်​နှင်းဖတ်​​လေး​တွေကိုဖြူနုလွန်းလှ
သည်​ ။မျက်​​တောင်​ရှည်​ရှည်​​လေး​တွေဝန်းရံထား​သော
မျက်​လုံးဝိုင်းဝိုင်း​လေး​တွေ ၊ နှာ​ခေါင်းလုံးလုံး​လေး ၊
ပါး​ဖောင်း​ဖောင်း​လေး​တွေနှင့်​ သဘာဝအတိုင်းနီရဲ​နေ
သောနှုတ်​ခမ်းပါးဖူးဖူး​လေး​တွေ ။
ယောက်ျား​လေးတစ်​​ယောက်​က အဲ့​လောက်​လှဖို့လိုလို့
လား ။အလှဘုရင်​မလို့နာမည်​ကြီး​သောသူမပင်
ထို​ကောင်​​လေးနှင့်​ယှဉ်​ရင်​ ဘာမှမဟုတ်​​တော့ ။
မေအမရာတစ်​​ယောက်​ နှင်းစက်​​သွေးရဲ့​ခြေဆုံး​ခေါင်း
ဆုံးကိုကြည့်​ကာ ​သေချာအကဲခတ်​​နေမိ​တော့သည်​ ။

I don't wanna be your best friend ( Complete )Where stories live. Discover now