Unicode << 7 >>

2.4K 219 1
                                    

part 7

ချစ်တယ်လို့ပြောပြီး နှုတ်ခမ်းကိုအပိုင်သိမ်းသွားသော ပေါက်စ
အခုတော့အိပ်ပျော်နေတာ သိုးလို့ ။အနည်းငယ်စူထွက်နေလေ
သောနှုတ်ခမ်းပါးလေးကိုကြည့်ကာ မိုးသားမာန် မျက်နှာက
အပြုံးတွေကိုမထိန်းသိမ်းနိုင်ဖြစ်နေမိသည် ။

မင်းနှုတ်ခမ်းလေးကအရမ်းချိုတာပဲ သွေး....

အိပ်ပျော်နေတာကိုအခွင့်ကောင်းယူကာ နှုတ်ခမ်းပါးလေးကို
စိတ်ကြိုက်သိမ်းပိုက်နေမိသည် ။ပေါက်စ စိတ်ဆိုးလည်း
မတတ်နိုင်ပေ ။

ဒါ မင်းစခဲ့တဲ့ ဇာတ်လမ်းပဲနော်....

ထို့နောက်ဘယ်လောက်နမ်းနမ်းမနိုးသောအကောင်ပေါက်အား
ရင်ခွင်ထဲထည့်ကာခပ်တင်းတင်းဖက်ထားပြီး အိပ်စက်ခြင်းဆီ
သို့အလည်ရောက်သွားတော့သည် ။

မနက်ခင်းရောက်သော်......

သွေး နိုးနိုးချင်းမျက်လုံးမဖွင့်သေးပဲ အိပ်ရာပေါ်ကိုယ်ကိုလိမ့်
ကာ အညောင်းဖြေနေမိသည် ။သို့ပေမဲ့ အလိမ့်ကောင်းလို့
လားမသိ ကုတင်ပေါ်မှဘုတ်ခနဲပြုတ်ကျသွားတော့သည် ။

"ဘုတ်....."

"အ အမလေး သေပါပြီ...."

"ဟာ သွေး ဘာဖြစ်တာလဲ...."

မိုးသားမာန် ရေချိုးခန်းထဲဝင်ကာမျက်နှာသစ်နေတုန်းရှိသေး
အပြင်ဘက်ကအသံကြားတာကြောင့် ပြေးထွက်ကြည့်တော့
ကုတင်အောက်တွင်ကားယားလေးကျနေသော သွေး ကို
တွေ့လိုက်ရသည် ။အနားသွားကာ ဆွဲထူပြီးကုတင်ပေါ်ပြန်တင်
ကာမေးလိုက်တော့ မျက်နှာလေးမဲ့ကာ

"ကုတင်ပေါ်ကပြုတ်ကျတာ...."

သွေးရဲ့အဖြေကြောင့် မာန် ဟားတိုက်ကာရယ်မိတော့သည် ။
သူရယ်မိတော့ အကောင်ပေါက်ကသူ့အား ဘုကြည့်ုကြည့်လာ
လေသည် ။

"ဘာရယ်တာလဲကွ နေပါဦး ငါကဘယ်လိုလုပ်အိမ်ပြန်ရောက်
လာတာလဲ...."

"ဟင် မင်းဘာမှမမှတ်မိဘူးလား...."

"အွန်း....."

သေလိုက်ပါတော့ကွာ.....

သူ့အားမျက်လုံးလေးပေကလပ်ပေကလပ်လုပ်ကာပြူးကြည့်နေ
သောသွေးကြောင့်မာန်စိတ်အိုက်သွားရသည် ။ညကတော့
ပြောချင်ရာပြော လုပ်ချင်ရာလုပ်ပြီးအခုကျတော့ ဘာမှမမှတ်မိ
ဘူးတဲ့လား ။

I don't wanna be your best friend ( Complete )Where stories live. Discover now