part 12 😍😍

7.4K 505 9
                                    

part 12


"သွေး....."

"မတွေ့ရတာကြာပြီနော် နေကောင်းရဲ့လား မာန်...."

မမျှော်လင့်ပဲ ရောက်လာသောသွေးကြောင့် မိုးသားမာန်
အံ့သြသွားရသည် ။တွေ့ချင်လွန်းလို့ရူးမတက်ဖြစ်နေပေမဲ့
တကယ်တမ်းတွေ့တော့မျက်နှာချင်းမဆိုင်ရဲအောင်အားနာ
နေမိသည် ။

"မင်းမျက်နှာချောင်ကျသွားသလိုပဲ...."

"သွေး ငါ...."

တောင်းပန်စကားဆိုချင်ပေမဲ့ စကားလုံးတွေလည်ချောင်းဝ
၌သာတစ်ဆို့နေလေသည် ။သွေးကတော့ သူ့ကိုနားလည်
သလိုကြည့်ကာ ပြုံးပြရှာလေသည် ။

"မာန်...."

ခပ်တိုးတိုးခေါ်သံကြောင့် သူမော့ကြည့်လိုက်တော့ သူ့အား
စိုက်ကြည့်နေသောသွေးရဲ့လေးနက်သောမျက်ဝန်းတစ်စုံကို
တွေ့လိုက်ရသည် ။

"ငါ မင်းကိုယုံတယ်...."

"သွေး...."

"ပြီးတော့ ငါ မင်းကိုအရမ်းချစ်တယ် မာန်..."

မိုးသားမာန် ဝမ်းသာလွန်းလို့မျက်ရည်တွေတောင်ကျလာရ
သည် ။ထို့နောက် သူ့အရှေ့တွင်ရပ်နေသောသွေးရဲ့ကိုယ်
လေးကိုရင်ခွင်ထဲဆွဲသွင်းကာ တင်းတင်းကြပ်ကြပ်ဖက်ထား
မိတော့သည် ။

"ငါလည်း မင်းကိုအရမ်းချစ်တယ် သွေးရာ ငါမင်းကိုအရမ်း
ချစ်တယ်...."

ရှိုက်သံသဲ့သဲ့နှင့်အတူတိုးထွက်လာသောစကားသံကြောင့်
သွေး ရင်တွေနာလှသည် ။

"စိတ်ချ မာန် မင်းမလုပ်ချင်တဲ့လက်ထပ်ပွဲ တကယ်ဖြစ်မလာ
စေရဘူး..."

"ဟင်....."

မာန် သွေးနဲ့လူချင်းခွာကာ သွေးကိုသေချာကြည့်လိုက်မိ
တော့သည် ။သွေးရဲ့ပုံစံကတစ်ခုခုကိုလုပ်ဖို့သေချာနေသလို
ပင် ။

"အဲ့ဒါကြောင့် ခဏပဲသည်းညည်းခံပေးပါနော်...."

သူ့အားပြုံးကာ ချော့မြူသလိုပြောပြီး လှည့်ထွက်သွားဟန်
ပြင်နေသောသွေးရဲ့လက်ကို သူအတင်းဆွဲထားမိသည် ။

"သွေး နေပါဦး...."

"ငါ ပြန်တော့မယ် မာန်...."

I don't wanna be your best friend ( Complete )Where stories live. Discover now