Darkness prince-14

2K 135 8
                                    

အချိန်​​တော်​​တော်​ကြာတဲ့အထိ​ကျွန်​​တော်​တို့နှစ်​​ယောက်​နေဝင်​တာကိုကြည့်​​နေမိတယ်​~~~~

ညဘက်​​ရောက်​မှ​အေးလာ၍jonginကကျွန်​​တော့်​ကိုအခန်းထဲဝင်​ခိုင်းသည်​။

"Jonginအိပ်​​တော့မလို့လား?"

"အင်း​လေ.....kyungsooကမအိပ်​ချင်​​သေးဘူးလား!"

"မဟုတ်​ပါဘူး.....အိပ်​ရ​အောင်​​လေ!"

ကျွန်​​တော်​လဲjongin​ဘေးတွင်​ဝင်​လှဲလိုက်​သည်​။
ခဏကြာ​တော့jonginရဲ့အသက်​ရှုသံသံပြင်းကိုကြားရသဖြင့်​လှည့်​ကြည့်​လိုက်​သည်​။

Jonginကအိပ်​​တောင်​​ပျော်​​နေပြီပဲ~~~

ဟင်း.....အရင်​တုန်းကငါနဲ့jonginနဲ့ကချစ်​သူ​တွေဆို!အခုဘာလို့jonginကငါ့အ​ပေါ်သူစိမ်းဆန်​​နေတာလဲ!

ငါသူ့ကိုစစ​တွေ့ချင်းတုန်းကအရမ်း​ကြောက်​​နေခဲ့တာ~~~~

အခု​တော့သူကိုချစ်​လာပြီ~~~~

ဒါ​ပေမဲ့သူကငါကိုမချစ်​သလိုပဲ!ငါချစ်​တယ်​လို့​ပြောရင်​လဲငါ့ကိုမယုံတဲ့မျက်​လုံး​တွေနဲ့ကြည့်​​တယ်​~~~

ဘာကြီးမှန်းလဲမသိဘူး~~~~

ကျွန်​​တော်​ဘာသာတစ်​​ယောက်​တည်း​တွေးချင်​တာ​တွေး​နေတုန်းအ​နောက်​ကလာဖက်​တဲ့သူ​ကြောင့်​တစ်​ချက်​လန့်​သွားသည်​။

"အခုထိမအိပ်​​သေးဘူးလားkyungsoo!"

"ဟင့်​အင်း...."

ကျွန်​​တော်​jonginကိုမလှည့်​ကြည့်​ပဲပြန်​​ဖြေလိုက်​သည်​။

"Jonginငါ​မေးချင်​တာရှိတယ်​!"

"​မေး......"

"Jonginငါတို့အရင်​တုန်းက​လေတစ်​​ယောက်​ကိုတစ်​​ယောက်​jongတို့kyungတို့​​ခေါ်တယ်​မလား?အခုဘာလို့မ​ခေါ်​တော့တာလဲ!"

"အရင်​တုန်းကဟာ​တွေကိုယ်​​မေ့ချင်​တယ်​!"

"ငါ့ကိုအရင်​တုန်းက​လောက်​မချစ်​​တော့ဘူးလား..."

"အရင်​တုန်းကထက်​အဆတစ်​​ထောင်​ပိုချစ်​တယ်​ဆိုရင်​kyungsooယုံမှာလား?"

Darkness prince(Kaisoo yaoi)Where stories live. Discover now