Kaisoo day-Special Part

2.4K 143 1
                                    

ခလွမ်း......

ကျစ်​....Kim jongin​တော့ခွဲပြန်​ပြီ။ငါလည်းပန်းကန်ဖိုး​တွေနဲ့မွဲ​တော့မယ်​..

"မိန်းက​လေး​တောင်းပန်​ပါတယ်​​နော်​!ကျွန်​​တော်​ပြန်​လုပ်​​ပေးပါ့မယ်​ "

"Kyungsoo!!"

ခပ်​ကျယ်​ကျယ်​​အော်​​ခေါ်ရင်း လက်​ကိုဆွဲလိုက်​တာ​ကြောင့်​ လူတစ်​ကိုယ်​လုံးကသူရင်​ခွင်​ထဲ​ရောက်​သွားသည်​။

မျက်​နှာကို​မော့ကြည့်​​တော့ ဟိုလက်​လှည့်​သွားသည်​။

"Jongin​​နောက်​မခွဲဘူးလို့ကတိ​ပေးထားတာကိုဘာလို့ခွဲပစ်​ရတာလဲ!"

"အဲ့တစ်​​ယောက်​က Kyungsooကိုစိုက်​ကြည့်​​နေတာကို!!"

ပြောရင်းနဲ့ အဲ့​ကောင်​မ​လေးဘက်​ကိုစိုက်​ကြည့်​လိုက်​တာ​ကြောင့်​ ဟို​တစ်​​ယောက်​က​ကြောက်​ပြီးထွက်​​ပြေးသွားသည်​။

ဟူး....Jonginနဲ့​တော့ခက်​တယ်​။

ကျွန်​​တော်​​ခေါင်းခါလိုက်​ရင်း စားပွဲကိုအဝတ်​နဲ့သုတ်​​တော့ လက်​ထဲကအဝတ်​ကိုဆွဲလုပြန်​သည်​။

"ကိုယ်​သုတ်​လိုက်​မယ်​​! Kyungsooသွားနား​နေ "

"ဒါဆိုလဲပြီး​ရော "

ကောင်​တာ​ပေါ်တက်​ပြီး စာရင်း​တွေပြန်​​တွက်​​နေတုန်း ဝုန်းခနဲအသံ​ကြောင့်​ပြန်​ထွက်​ကြည့်​လိုက်​​တော့ ​​မှောက်​​နေသည့်​စားပွဲ..

"Jonginဘာဖြစ်​တာလဲ!"

"အဲ့​ကောင်​​လေးက Kyungsooကိုစိတ်​ဝင်​စားတယ်​လို့​ပြော​နေတာ ကိုယ်​ကြားလို့ ​​ဒေါသထွက်​ပြီး ​မှောက်​ချလိုက်​တာ!!!"

"ဒါ​ပေမဲ့လဲ.."

"ဘာမှမ​ပြောနဲ့! ကိုယ်​အခုအရမ်း​ဒေါသထွက်​​နေတယ်​ Kyungsoo "

"အင်း...အင်းပါ...အပြင်​ထွက်ရ​အောင်​jongin.."

"အင်း "

ကျွန်​​တော်​လက်​ကိုဆုပ်​ကိုင်​ပြီး လမ်း​လျှောက်​​နေတာ ကြာပြီ။

ဘယ်​ကိုသွား​နေမှန်းလဲမသိ..

"Jongin..."

"​ပြော "

Darkness prince(Kaisoo yaoi)Where stories live. Discover now