Part-18(Uni/Zaw)

2.2K 211 9
                                    

(Uni) ထိုအမည်းငွေ့ကြီးက မန်သာအပေါ်ကိုနီးကပ်စွာအုပ်မိုးလာပြီး သူ့တစ်ကိုယ်လုံးကိုရစ်ဝဲတော့သည်။

"အား....................မလုပ်ပါနဲ့........အား......."

ထိုအငွေ့တွေကသူ့ကိုအရမ်းနာကြင်အောင် တကိုယ်လုံးကအသွေးအသားတွေကိုစုပ်ယူနေသည့်နှယ်...မန်သာတကိုယ်လုံးမှာအဖြူ ရောင်အငွေ့တွေနဲ့အမည်းရောင်အငွေ့တွေလုံးထွေးနေတော့သည်။ အဖြူ ရောင်အငွေ့တွေကသူ့ရဲ့စိတ်စွမ်းအင်တွေဖြစ်နိုင်ချည်ရှိပြီး အမည်းရောင်တွေကမကောင်းတဲ့အငွေ့တွေသာဖြစ်မည်။ ထိုအရာကသူ့ကိုစိတ်တိုအောင်လုပ်နေပေ၏။

....အား...................

မန်သာထိုအငွေ့တွေဆီကအတင်းရုန်းထွက်နေသည်။ သူအော်ဟစ်နေရာကနေ ထိုအမည်းငွေ့တွေကသူ့ရဲ့အသံစွမ်းအင်ကိုစုပ်ယူနေသောကြောင့် သူအသံတွေတဖြည်းဖြည်းတိမ်ကောလာသည်။

ထိုအဖြစ်ကိုမြင်ရတော့ ပယ်ဒယ်အရမ်းစိတ်တိုလာသည်။
သူ့ကိုထိန်းချုပ်ထားတဲ့သူတွေကလည်း မန်သာအဖြစ်ကိုကြည့်ရင်းအံ့သြနေကြတာမို့ သူတို့ချုပ်ထားတဲ့ပယ်ဒယ်ကိုမရှိသလိုတောင်ထင်နေကြသည်။

ပယ်ဒယ်လည်းအလစ်ချောင်းပြီးသူ့ဓားနဲ့ ဆရာသိင်းလ်ရဲ့ညာဘက်လက်ကိုမှန်းကာ လှမ်းပေါက်လိုက်လေသည်။

............ဇွက်.....................ချလွမ်...................

...............အား...................

ပယ်ဒယ်လက်ဖြောင့်၍ ဆရာသိင်းလ်လက်တစ်ဖက်ကိုထိကာ ဆရာရဲ့ညာဘက်လက်ကြီးပြတ်ထွက်သွားလေသည်။.ထိုလက်ကကိုင်ထားသောပခြုပ်ကြီးလည်းအောက်သို့ပြုတ်ကျသွား၏။ ထိုအခါ အမည်းရောင်အငွေ့ကြီးက မန်သာအပေါ်ကနေစွန့်ခွာသွားပြီး ပယ်ဒယ်အနားရစ်ဝဲလာသည်။

ထိန်းချုပ်မူအောက်ကလွတ်မြောက်သွား၍ မန်သာလေထဲကနေအောက်သို့ပြန်ပြုတ်ကျလာသည်။

........သခင်................

သူလှမ်းအော်ခဲ့ပါသည်။ ဒါပေမယ့်သူ့အသံလုံးဝထွက်မလာတော့။ ထိုအငွေ့တွေကသူ့အသံတွေကိုတကယ်ပဲစုပ်ယူသွားတာလား......သူ့လည်ပင်းကိုကိုင်ကြည့်ကာသူအတော်အံ့သြ သွားတော့သည်။

❤ချစ်တဲ့သခင်/ခ်စ္တဲ့သခင္ ❤ (Complete)Where stories live. Discover now