Part-27(Uni/Zaw)

2.2K 226 3
                                    

(Uni) "ဟင်း.....အခုငါ့ဘဝကအလွန်ဆိုးပါတယ်....အိမ်နဲ့လည်းအဆင်မပြေဘူး.....အိမ်ကနေထွက်ပြေးပြီးမင်းနဲ့အိပ်မက်ထဲမှာတွေ့ရဖို့ငါ့ကိုယ်ငါတောင်သတ်သေခဲ့တာ.....တကယ်ရူးခဲ့တာပဲ..."

ဘယ်သွားလို့ဘယ်လာရမှန်းမသိပဲ မန်သာလက်ကိုဆွဲကာ မှိူင်းပြောနေမိသည်။ လမ်းတူတူလျှောက်နေရာမှ.မန်သာရပ်လိုက်၍ မှိူင်းသူ့ကိုလှည့်ကြည့်မိပါသည်။

......ကျွန်တော့်သခင်ကအခုလည်းဒုက္ခတွေနဲ့ကြုံနေရတုန်းပဲလား.........ကျွန်တော်စိတ်မကောင်းပါဘူးသခင်ရယ်.....

မန်သာ အရမ်းဝမ်းနည်းနေသည့်ပုံနှင့် မှိူင်းရဲ့ပါးကိုတစ်ချက်လှမ်းထိလိုက်သည်။ မှိူင်းကတော့ပြုံးသည်။

"အခုမင်းရှိနေရင်ငါအဆင်ပြေပြီ....ဘယ်လိုဒုက္ခပဲကြုံကြုံငါလျှောက်မယ်...."

မန်သာရဲ့မျက်နှာလေးကြောင့် သူပြန်ပြီးအားရှိသွားသလို။
အိမ်ကိုလည်းလုံးဝပြန်မသွားချင်တာကြောင့် အခန်းငှါးနေဖို့ဆုံးဖြတ်လိုက်သည်။ လောလောဆယ်တော့တစ်ပြားမှမရှိ၍ အကြွေးငှါး....😁😁😁

အခန်းလေးတစ်ခုကိုတော့ လောလောဆည်ရလိုက်၍နှစ်ယောက်သားထိုင်နေကြသည်။

"မန်သာ....မင်းတစ်ခုခုဖြစ်ထားလို့လား....ငါ့ကိုဘာစကားမှမပြောဘူး"

မန်သာပြန်ပြောချင်သော်လည်းလုံးဝမရ၍ လက်ဟန်ခြေဟန်သာပြရသည်။

"သြော်...တစ်ခုခုဖြစ်ခဲ့လို့လား.....သနားစရာငါ့ကောင်လေး...."

မှိူင်း မန်သာကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြန်သည်။ မန်သာကတော့ငြိမ်ငြိမ်လေးသူ့ရင်ခွင်ထဲမှာနေရင်း သူ့ရင်ခုန်သံတို့ကိုနားထောင်နေဆဲ။

"ငါအကုန်သိခဲ့ပါတယ်.....အိပ်မက်ထဲမှာ....မင်းနဲ့ငါဘယ်လိုကွဲခဲ့ရတယ်ဆိုတာ......ဒါနဲ့...မင်းအသက်အရမ်းရှည်လွန်းတယ်နော်...ငါနဲ့အတူတစ်သက်လုံးနေသွားမယ်မလား"

သူမေးတော့ သူ့ရင်ခွင်ထဲကနေမန်သာခေါင်းငြိမ့်ပြပါသည်။

"ဟုတ်ပါပြီ.....မနက်ဖြန်ကစပြီးငါ့ဘဝသစ်ကိုမင်းနဲ့အတူစမယ်"

❤ချစ်တဲ့သခင်/ခ်စ္တဲ့သခင္ ❤ (Complete)Where stories live. Discover now