Part-26(Uni/Zaw)

2.2K 239 5
                                    

(Uni) "ယုတ်မာတဲ့သူနှစ်ယောက်ကို ဒီလောကကနေနှင်ထုတ်ရအောင်လား.......ha....ha....ha......"

မန်သာစိတ်ရိုင်းတွေပြန်ဝင်လာပြီး သူအမုန်းဆုံး ထိုသားဖနှစ်ယောက်နဲ့တိုက်ခိုက်လေတော့သည်။ တိုက်ခိုက်ရေးမကျွမ်းကျင်သောသူ့အဖေခမျာ မန်သာရဲ့လက်အောက်မှာ သေ သွားတော့သည်။

"အဖေ..........မင်းငါ့အဖေကိုသတ်တယ်ဟုတ်လား......မင်းလည်းသေစေရမယ်"

"ငါလည်းမင်းကိုသတ်မှာ......."

ပြင်းထန်သောတိုက်ပွဲ ချက်ချင်းပင်စတင်ပါလေရဲ့။ သူ့ထက်ကျွမ်းကျင်တဲ့သူတွေကိုတောင် တိုက်ခိုက်နိုင်ခဲ့သေးတာ သူ့လောက်တော့ဘာမှမမှူ။ မန်သာ သူ့ကိုခုတ်မယ့်ခဝါရဲ့ဓားကိုလက်နဲ့ဆုပ်ကိုင်ပြီးချိုးလိုက်လေသည်။      သူအားတွေအရမ်းကြီးနေပြီ။

ဓားအချိူးခံလိုက်ရ၍လန့်သွားသောခဝါကို အလွတ်မပေး.ရင်ဘတ်တည့်တည့်ကိုတစ်ဝက်ကျိုးနေသောထိုဓားနဲ့ထိုးစိုက်လိုက်လေတော့သည်။

......................ဇွတ်..............................

ဘာမှတောင်အော်ချိန်မရလိုက်။ နာလွန်းလှ၍မန်သာကိုမျက်လုံးအပြူ းနဲ့ကြည့်နေ၏။ မန်သာစိတ်တိုလွန်း၍ ရင်ဘတ်မှာစိုက်ဝင်နေသောဓားကိုတင်းကြပ်စွာဆုပ်ကိုင်ပြီးလှည့်နေ၏။.
အထဲထဲကအသည်းနှလုံးကိုခြေမွဖျက်ဆီးနေသလိုခံစားရ၍ ခဝါမျက်ရည်တို့သာစီးနေပါတော့သည်။

"ဘယ်လိုလဲ....နာတယ်မလား.....ကိုယ့်ဓားကကိုယ့်ကိုပြန်သတ်တဲ့ဖြစ်ရပ်လေး ကျေနပ်စရာမကောင်းဘူးလား"

အဆုံးထိစိုက်ဝင်အောင်ထပ်ထိုးလိုက်ရာ....ထိုနေရာမှာတင်ခဝါအသက်ပျောက်လေ၏။

မန်သာအတော်ကျေနပ်နေသည့်ပုံပင်။

"ဟား.....ဟား......ဟား.......ကြီးမြတ်လှစွာသောအရှင်မင်းကြီးဘုရား..............ဟော့ဒီ တိရစ္ဆာန်ကောင်ကဘုရင်ကြီးဆီကိုအခစားဝင်ပါတယ်ဘုရား.....တွေ့တော်မူပါဦး"

တစ်ယောက်တည်းကျန်ခဲ့သောဘုရင်ကြီးတစ်ယောက်ကြောက်လွန်းလှ၍ ပလင်နောက်ကမထွက်။ မန်သာကိုညာချင်နေတာ။.မန်သာသိတာပေါ့။ ထိုပလင်ကိုဆွဲဖယ်လိုက်ရာ ကုပ်ကုပ်လေးပုန်းနေတဲ့ဘုရင်ကြီးကိုတွေ့လိုက်ရတော့စိတ်တိုပြီး လည်မြိုကို သူ့လက်နဲ့ညှစ်ဆွဲကာလေပေါ်သို့မြှောက်လိုက်ပါသည်။

❤ချစ်တဲ့သခင်/ခ်စ္တဲ့သခင္ ❤ (Complete)Where stories live. Discover now