Part 10

4.3K 419 47
                                    

"အား ကျွတ်​ ကျွတ်​"

ရိုက်​ခံထားရသည်​ကို​မေ့ကာ ကုတင်​​ပေါ်မှအလောတကြီးဆင်းမိ​တော့ ဆစ်​ခနဲနာကျင်​သွားကာ ညည်းမိလိုက်​​တော့သည်

ခါတိုင်းလိုဆို ​ခြေ​ထောက်​နာတာကိုအ​ကြောင်းပြပြီး ကုတင်​​ပေါ်မှာဘဲလှဲကာ ​လောကစည်းစိမ်​အပြည့်​ခံစားမိမယ်​ဆို​ပေမဲ့ အခု​တော့မဖြစ်​မ​နေထရမည်

"ဘယ်​တုန်း!!"

အောက်​ထပ်​​ရောက်​​ရောက်​ချင်း ဧည့်​ခန်းမှာထိုင်​​နေတဲ့ Papaက ​မေးလာ​လေသည်

စိတ်​ဆိုးမ​ပြေ​သေးဘူးဆိုတာကို သိသာ​စေ​သော မာထန်​​နေ​သောအသံကြီးနဲ့

"ဟို ကိုကို~~ ကိုကိုဆီသွားမလို့"

ကြောက်​​ကြောက်​လန့်​လန့်​နဲ့ထွက်​သွားတဲ့အသံ​တွေက တုန်​ယင်​​နေသည်

"​အေး​အေး ​ကောင်း​ကောင်းသွား"

Papaပြန်​​ပြောဖို့ ပါးစပ်​ဟရုံရှိ​သေး မီးဖိုခန်းထဲက​နေ ထွက်​လာတဲ့ မားက ​​ပြောသွား​လေရဲ့

ကြည့်​ရတာ ကျွန်​​တော့်​ကိုPapaထပ်​ဆူမှာစိုးလို့ ဖြတ်​​ပြောလိုက်​ရတဲ့ပုံပင်
.
.
.
.
.
.
"ဪ Baekhyunပါလား"

ကိုကို့အိမ်​​ရောက်​လာ​တော့ TVကြည့်​​နေတဲ့ Appa

သားငယ်​ သား​လေး Appaအသည်း​လေးဟူ၍သာ ​ခေါ်တတ်​​သော Appaသည်​ ယခုအခါတွင်​မူ Baekhyunဆိုပါလား

စိတ်​ဆိုး​နေလို့ အဲ့လို​ခေါ်တယ်​ဆိုတာ သိ​ပေမဲ့ ကြားလိုက်​ရသည့်​အချိန်​တွင်​ ဝမ်းနည်းချင်းတို့သာကြီးစိုးလာခဲ့သည်

"ဟို ကိုကို"

"အ​ပေါ်ထပ်​မှာ"

ကိုကိုဘယ်​မှာလဲလို့​မေးဖို့ ကိုကိုဟူ၍သာရှိ​သေး ပြတ်​သားလှ​သောအသံက ​ပေါ်ထွက်​လာပြန်​ပြီ

မှားသွားပါတယ်​Appaရယ်​ အဲ့လိုမျိုးကြီး​တော့မလုပ်​ပါနဲ့

"Yeobo​ရေ ခဏ!"

အိပ်​ခန်းထဲကOmmaအသံကြားတာနဲ့ TVပိတ်​ပြီးအခန်းထဲဝင်​သွား​လေသည်

PutuTempat cerita menjadi hidup. Temukan sekarang