Part 19

3K 328 14
                                    

"​ဖြေနိုင်​လား ပူတူး"

"Nae"

"​​တော်​လိုက်​တာ ကိုကို့ပူတူး​လေးက"

"ဟီး"

"ကဲ အထက်​တန်း​နောက်​ဆုံးနှစ်​​ကျောင်းသားအ​လျောင်းအလျာကြီး​ရေ ဘာစားချင်​လဲ ကိုကိုဘာဝယ်​​ပေးခဲ့ရမလဲ"

"ဟားဟား ကိုကိုက​တော့စ​နေပြီ"

"​agioo စတာမဟုတ်​ပါဘူးကွာ တကယ်​ဖြစ်​လာမှာကို​ပြောတာ"

"​ဟုတ်​ပါပြီ ဘာမှဝယ်​မလာနဲ့ ကိုကိုသာ ​စော​စောပြန်​ခဲ့"

"​အင်း နားလိုက်​ဦး ပူတူး"

"Nae"

ကိုကိုဖုန်းချသွားတာနဲ့ ဖုန်းကိုကြည့်​ကာ အသာပြုံးမိ​တော့သည်

ဒီ​နေ့သည်​ အထက်​တန်း​ဒုတိယနှစ်​၏​စာ​မေးပွဲ​နောက်​ဆုံး​နေ့ဖြစ်​သည်​နှင့်​အညီ ​ကျောင်းဝန်းထဲမှာ ​​ဖြေနိုင်​သည်​ဖြစ်​​စေ မ​ဖြေနိုင်​သည်​ဖြစ်​​စေ ​ပျော်​ရွှင်​​နေကြ​လေသည်

တစ်​လလုံးလုံး ကိုကိုနဲ့အိမ်​မှာ​နေ့ညမပြတ်​ ကျက်​ထားတဲ့စာ​တွေ​ကြောင့်​ ဒီတစ်​​ခေါက်​စာ​မေးပွဲသည်​ ​ဖြေနိုင်​သည်​ဆိုသည်​ထက်​ပင်​ ပို​သေးသည်

ဒီကြားထဲမှာ ကိုကိုရဲ့ဂရုစိုက်​မှု​သေး​သေး​လေး​တွေကပင်​ သူ့ကို ရင်​​ခုန်​​စေခဲ့သည်

ဥပမာအားဖြင့်​ မနက်​မိုးလင်းတာနဲ့ နဖူး​လေးကို အသာအယာနမ်းပြီး နှိုးတာမျိုး၊ သွားတိုက်​တံမှာ သွားတိုက်​​ဆေး အသင့်​ထည့်​ထားတာမျိုး၊ ​ရေချိုးမယ်​ဆိုတာနဲ့ ​ရေးဖို့​ရေစပ်​ပြီးသားအသ​င့်​ဖြစ်​​နေတာမျိုး အစရှိသဖြင့်​ သူ့ကိုရင်​ခုန်​​စေခဲ့သည်

"အဟီး"

"အံမယ်​ သားငယ်​က ဘာ​တွေ​တွေးပြီးရယ်​​နေတာတုန်း"

"အယ်​ မား"

"မား​ဘေးမှာထိုင်​​နေတာကို​မေ့ပြီး​တော့​တောင်​ အ​တွေး​တွေလွန်​​နေတာ ဘာ​တွေ​တွေး​နေတာလဲ​ပြောပါဦး"

"ဟီး"

"Chanyeol​လေးအ​ကြောင်းလား"

"အဲ"

PutuOpowieści tętniące życiem. Odkryj je teraz