3️⃣

295 35 11
                                    

Zawgyi Ver:

စားချင်တဲ့ ရေခဲမုန့်လည်း စားခဲ့ပြီးပြီ တိုင်ပြောချင်တာလည်း ပြောခဲ့
ပြီးပြီဆိုတော့ Soo တစ်ယောက်အိမ်ပြန်ရန် ဖင်တစ်ကြွကြွ ဖြစ်နေ
သည် ။ Baekhyun မှာလည်း အိမ်ရှေ့မှာ ထိုင်နေတဲ့ Soo ကို
ရေခဲမုန့် ပေးပြီး မီးဖိုခန်းထဲ ပြန်ဝင်သွားတာ အခု ထိ ပြန်မထွက်လာ...

"Ah! ဒီ ကိုကိုကတော့ အိမ်ပြန်ချင်နေပါပြီ ဆို အနောက်မှာ ဘာလုပ်
နေလဲ မသိဘူး ''

Soo တစ်ယောက် တစ်ကိုယ်တည်းရည်ရွတ်ပြီး

"မဖြစ်ဘူး သွားပြောမယ် ''

ပြောပြောဆိုဆိုနဲ့ မတ်တပ်ရပ်ကာ အိမ်နောက်ဖေး မီးဖိုခန်းသို့..

........

"သားက ဟင်းလည်း ချက်တတ်တာဘဲ လား ''

အန်တီ Xiu ရဲ့ မေးခွန်းကို သူ ပြုံးပြီး ပြန်ဖြေနေသည်

"ဟုတ်တယ် အန်တီရဲ့ သားက အရင်ကတည်းက တစ်ယောက်တည်း
နေတာဆိုတော့ ကိုယ့်ဘာသာကို ချက်စားရင်း ပြီးတော့ ဝါသနာလဲ ပါ
တော့လေ ''

"အေးကွယ် အန်တီက သားတွေ ကြီးမွေးထားတော့ သမီးမိန်းကလေး
လိုချင်တယ် အန်တီလည်း အဖော်ရတာပေါ့ အခုတော့ သားမြင်တဲ့
အတိုင်း အန်တီ့မှာ တစ်နေ့တစ်နေ့ တစ်ယောက်တည်းရယ် ''

"ဟုတ်ကဲ့ အန်တီ သား လည်း အခု က အားနေတာဆိုတော့ အန်တီနဲ့ နေ့တိုင်း လာပြီး ဟင်းဝိုင်းချက်ပေးမယ်နော် ''

"Arrigoo ချစ်စရာ ကောင်းလိုက်တာ ''

"Heex ''

Baekhyun ရယ် ပြရင်းလှီးလက်စဂင်ချီကိုဆက်လှီးနေလိုက်တယ်

"မချစ်ရပါဘူးနော် ''

ကြားလိုက်ရတဲ့ အသံ မီးဖိုခန်းဝမှာ မတ်တပ်ရပ်နေတဲ့ Soo

"Soonie လေး လာလေ ''

Xiu ခေါ်လိုက်သည်

"တီXiu သမီးထပ် ကိုကို့ကို ပိုမချစ်ရဘူး ''

Soo ဆိုတာ ဒီလိုရယ်ပါ

"အမလေး သမီးလေးရယ် ဟုတ်ပါပြီ မွ''

Xiu တစ်ယောက် ချော့ရင်း ပါးလေးကို ဖွဖွလေး နမ်းလိုက်သည်
Baekhyun ကတော့ ပြုံး၍သာ ကြည့်နေမိသည်

❣ နှလုံးသားထက်က သတို့သား ❣Where stories live. Discover now