[Zawgyi]
ချစ်ရသူJiminကို ရွေးချယ်ခဲ့မှုကြောင့် ဆုံးရှုံးမှုတွေများသည်။
ငယ်ငယ်ကတည်း က ညီလေးလို သဘောထားခဲ့သူရဲ့လစ်လျူရှုမှုတွေ၊နဂိုကဖခင်မေတ္တာမရခဲ့သောသူသည် အခုတော့ ဖခင်၏စွန့်ပစ်မှုကိုပါခံလိုက်ရသည်။နာကျင်ရသည်။နာကျင်ရလွန်းတာကြောင့် ကိုယ့်ကိုယ်ကို suicide လုပ်ပစ်မိတာအကြိမ်ကြိမ်။သို့သော် သေကံမပါဘူးထင်သည်။အခုထက်ထိဘာမှမဖြစ်သေး။
Yoongi နဲ့ Jung Kook တို့မိသားစုနှစ်စုသည် အိမ်နီးချင်းများဖြစ်ကြသကဲ့သို့ မိဘများကလည်း စီးပွားဖက်များဖြစ်ကြသည်။ငယ်စဉ်ကတည်း ကအဖေ မရှိသောJung
Kook အဖို့ Yoongi သာလျှင် အစ်ကိုကြီး သဖွယ် ဖြစ်ခဲ့သည်။သူ့အမေဆူတိုင်း ပြေးလာလာပြီး တိုင်ရတာအမော။ထို့ကြောင့် သူ့အတွက် Jung Kook သည်သာ တွယ်တာရာ ဖြစ်ခဲ့သည်။အသက်ကလည်း ၁နှစ်သာကွာတာကြောင့် ကစားဖော်လည်းဖြစ်ခဲ့သည်။သူ့ကို LA ပို့တော့လဲ လေယာဉ်ကွင်းထိလိုက်လာကာ ငိုယိုပြီး မသွားဖို့ပြောခဲ့တာလဲ Jung Kookသာ။
Yoongi အသက်၆နှစ်လောက်အထိ သူတို့ မိသားစုဘဝလေးကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြသည်။
တစ်နေ့.....
ကံကြမ္မာဆိုး ဝင်တဲ့နေ့လို့ပြောရမလား။ကစားကွင်း ၁ခုအရှေ့တွင် Accident ၁ခုဖြစ်ပွားခဲ့သည်။ထို accident သည် Yoongi ဘဝ၏ အရေးပါဆုံးသောလူသားကို ဆွဲထုတ်သွားခဲ့သလို ဖခင်ရဲ့ မေတ္တာကိုပါ ဆုံးရှုံးခဲ့ရသည်။အမေ....
တောင်းပန်ပါတယ်။
သူသာအဲ့ဒီနေ့က
အရေးမပါတဲ့ဘောလုံးကို လမ်းကူးတဲ့အခါ လက်ထဲမှာသေချာကိုင်ထားခဲ့ရင်.......
သူသာအဲ့နေ့က
ကစားကွင်းသွားဖို့ အတင်းမပူဆာခဲ့ရင်.....LAကို အတင်းမပို့ခံရတော့သလို အဖေ့ရှေ့မှာ အပြစ်သားတစ်ယောက်လို နေစရာမလိုတော့။
အရာအားလုံးဟာ သူ့အမှားတွေသာ။
သူသာထိုအချိန်က အတ္တမကြီးခဲ့ရင် အရာအားလုံး အဆင်ပြေခဲ့မှာ။နိုင်ငံရပ်ခြားမှာ သိတဲ့သူမရှိ ဘာသာစကားလည်း ကောင်းကောင်းမတတ်ဘဲ ၁ယောက်ထဲ နေခဲ့ရသည်။စစရောက်ခါစက စကားမပြောတတ်တာကြောင့် တစ်ပတ်လောက် အိမ်ထဲကအိမ်ပြင်မထွက်ဘဲနေခဲ့သည်။ဗိုက်ဆာတဲ့အခါ စားစရာမရှိလို့ မှိုတက်နေတဲ့ ပေါင်မုန့်ခြောက်တွေလည်း စားခဲ့ဖူးသည်။အာရှသားဖြစ်တဲ့အပြင် စကားကလည်းသိပ်မပီချင်တာကြောင့် အနောက်နိုင်ငံသားတွေရဲ့ လှောင်ပြောင်ခြင်းတွေကိုလည်း အံတုကာနေခဲ့ရဖူးသည်။ညတိုင်းသွေးအိုင်ထဲလှဲနေသော အမေကို အိမ်မက်မက်ခဲ့သည်။ထို အိမ်မက်ဆိုးမက်တိုင်း အနားမှာ ဖက်တွယ်စရာလူမရှိခဲ့။ ၆နှစ်အရွယ်ကောင်လေးအဖို့ ထိုအရာများက အိမ်မက်ဆိုးတွေသည်သာ။
YOU ARE READING
EGO(Zawgyi+Unicode)
Fanfiction#YOONMIN YAOI# TOP-Park Jimin BOTTOM-Min Yoon Gi ⚠️Warning⚠️Mature sense Male Pregnant