[Zawgyi]
အချိန်တွေ နာရီတွေသာ တရွေ့ရွေ့နှင့် ပြောင်းလဲ လာခဲ့တာ ယနေ့ဆိုလျှင်ပင် ကျောင်းလေ့လာရေးခရီး သွားရမည့်နေ့ပင်ရောက်လာလေပြီ။
Yoongi ကတော့ လိုအပ်သည့် ပစ္စည်း အချို့ကို အိတ်ထဲထည့်ရင်း အလုပ်ရှုပ်နေလေသည်။စုရပ်ကိုတော့ ၉နာရီနောက်ဆုံးထားပြီး အရောက်သွားရမည်ဖြစ်တာကြောင့် သူအလျင်လိုနေမိသည်။
ကျောင်းပိတ်ရက်တွေမှာလည်း မနားအား။
Yoongi တစ်ယောက်ထဲဖို့ အဝတ်တွေထည့်နေရသည်မဟုတ်ဘဲ Jiminnieအတွက်ပါ ထည့်နေရခြင်းကြောင့်ပင်။ပင်လယ်ဘက်ဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးအဝတ်အစားတွေဘဲ ယူခဲ့လိုက်သည်။ကျန်နေသည့် ညှပ်ဖိနပ်အပါးနှစ်ရံကို ကျောပိုးအိတ်ဘေးမှာ ကပ်ချည်လိုက်တော့ အားလုံး ပြီးသွားပြီဖြစ်သည်။
သွားရန်အသင့်ဖြစ်သွားပြီ။
Yoongi ခါးထောက်ကာ အသက်ကို ပြင်းပြင်းရှူထုတ် လိုက်သည်။ခါးအညောင်းဆံ့ကာ ဟိုလှည့်ဒီလှည့်လုပ်ပြီး ရေချိုးခန်းထဲ ဝင်ခဲ့လိုက်သည်။
အချိန်ကား ၇ခွဲလောက်ပင်ရှိသေးတာကြောင့် Yoongi ရေကို ခပ်ကြာကြာ ချိုးရန် ပြင်လိုက်သည်။
ရေချိုးရင်းနဲ့မှ သူJiminကို သတိရမိသည်။ဒီရက်ပိုင်းတွေမှာလည်း သူ,Jiminနှင့် မတွေ့ဖြစ်။
မတွေ့ဖြစ်ဆို ချစ်ရသူက အိမ်မှ ပြန်မလာဘဲ။တကယ့် တကယ်တမ်း ဆိုလျှင် Yoongi ချစ်ရသူလူသားလေးကို လွမ်းမိပါသည်။
ဆေးခန်းမှာ မြင်လိုက်ရသည့် ကျောပြင်လေးက နောက်ဆုံး မြင်ခဲ့ရသည့်နေ့ထင်သည်။ကျောင်းပိတ်ရက် နှစ်ရက်လုံးလည်း အိမ်ပြန်မလာခဲ့သည့်သူ။
ချစ်ရသူကတော့ နေနိုင်လွန်းသည်။
မနေနိုင်သည့် သူကသာ မအားသည့် အချိန်တွေကြားကမှ messages တွေပို့ဖြစ်သလို အိမ်များပြန်လာမလားဆိုသည့် အတွေးတို့နှင့် ထမင်း၊ဟင်းတို့ကို တစ်ယောက်စာပိုချက်ထားမိသည်။သို့သော် ရလဒ်အနေနဲ့ ထိုထမင်းပို ဟင်းပိုတို့သာ နေ့တိုင်း အမှိုက်ပုံးထဲရောက်ရသည်။
YOU ARE READING
EGO(Zawgyi+Unicode)
Fanfiction#YOONMIN YAOI# TOP-Park Jimin BOTTOM-Min Yoon Gi ⚠️Warning⚠️Mature sense Male Pregnant