[Zawgyi]
Hosoek ၁ယောက် Yoongi ကို စောင့်နေသည်မှာတော်တော်ကြာနေပြီ ဖြစ်သည်။သို့သော် အခုထိမျှော်နေသူ ရဲ့အရိပ်အရောင်ပင် မတွေ့ရသေး။
မကြာချေ။အမဲဝမ်းဆက်ကြီး ဝတ်ကာလုံးလုံး လုံးလုံးနှင့်လျှောက်လာသော ကြောင်ပေါက်ကို တွေ့လိုက်ရတာကြောင့် ဆူပုတ်စပြုနေတဲ့ Hosoek ရဲ့ မျက်နှာလေး လင်းလက်လာသည်မှာ နေဝန်းကြီးသဖွယ်။
"Yoongi"
အော်သံကြောင့်ထင်။Yoongi ၁ယောက်ပြူးကြောင်ကြောင်နှင့်မော့ကြည့်လာသည်မှာ ချစ်ဖို့ကောင်းလွန်းလှသည်။
ကျောင်းပေါက်ဝကို Yoongi လှမ်းကြည့်လိုက်တော့ သူ့အားအပြုံးအကြီးကြီးနှင့် ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရမ်းမတတ် လက်ပြနေသော ကျောင်းသားသစ်ကြောင့် သူသွားတန်းညီညီလေးများပေါ်သည်အထိ ပြုံးရယ်လိုက်သည်။သူ ထိုကျောင်းသားသစ်အားတွေ့ရင် စိတ်ညစ်စရာများမေ့ပျောက်သွားကာ အလိုလိုပျော်ရွှင်လာတာကြောင့် သူအပြေးလေးသွားလိုက်သည်။
Yoongi ရဲ့အပြုံးကြောင့် မလှုပ်မယှက်ကျောက်ရုပ်ကြီးသဖွယ်
ဖြစ်သွားသူမှာ Hosoek ပင်။သူမည်မျှကြာကြာရပ်နေသည်မသိ။
သူ့မျက်နှာရှေ့တွင် သွေးကြောစိမ်းလေးများ ယှက်သန်းနေသော လက်ဖြူဖြူလေး ဝေ့ယမ်းကာမှ အသိပြန်ဝင်ခဲ့သည်။သူထိုလက်ဖြူဖြူလေးကိုဆုတ်ကိုင်လိုက်ကာ ပြုံးပြလိုက်တာကြောင့်ထင်။
သူ့အားပြူးကြောင်ကြောင်လေး ကြည့်နေသော Yoongi မှာ သိပ်အသဲယားဖို့ကောင်းသည်။သူ့လက်အားဆုတ်ကိုင်ကာ စူးစိုက်ကြည့်နေသော
Hosoek ကြောင့် Yoongi နေရပင်ခက်လာသည်။ ထို့ကြောင့် မျက်နှာလွဲကာ လက်ကို အနည်းငယ်ရုန်းလိုက်သည်။ထိုအခါမှ Hosoek လည်း လွှတ်ပေးလိုက်ကာ လည်ပင်းကို ပွတ်ပြီး အရှက်ပြေရယ်နေလိုက်သည်။ထိုအခါ Yoongi ကဘဲ စတင်ကာ
"သွား....သွား..ကြရအောင်လေ။
ကျောင်းတက်တော့မယ်"ဟုသတိပေးလိုက်ကာ Hosoek ရှေ့မှအမြန်ထွက်ခဲ့လိုက်သည်။သူ Hosoek ရှေ့တွင် ဆက်မနေနိုင်တော့ပါ။Hosoek ရဲ့ အကြည့်စူးစူးတွေက ဘာကြောင့်မှန်းမသိ သူ့အားနေရခက်စေသည်။
YOU ARE READING
EGO(Zawgyi+Unicode)
Fanfiction#YOONMIN YAOI# TOP-Park Jimin BOTTOM-Min Yoon Gi ⚠️Warning⚠️Mature sense Male Pregnant