1.4K 218 16
                                    

လူတိုင်းက လောဘရှိတယ်...
ဒါကိုပြောရမယ်ဆို လူသားတိုင်းက လောဘအတွက်အသက်ရှင်ကြတယ်လို့ ငါထင်တယ်..
ဘာလို့ဆို လောဘမရှိဘူးလို့ပြောတဲ့လူတွေ အခြေအနေ အတိုင်းအတာတစ်ခု ရောက်မှသာ သူ့လောဘကိုရပ်တန့်ပစ်တာ...
ဆိုလိုတာက ဆင်းရဲတဲ့လူတစ်ယောက်က သူ့ဘဝကို သင့်လျော်တဲ့အဆင့်တစ်ခုထိသူလိုချင်တယ်...
ဒါလည်းမဆိုသလောက်လောဘပဲ...

ငါ့မှာလဲလောဘရှိတယ်.. joon....
အဲ့ဒါမင်းပဲ....
ငါသိတယ်.....ဒါမဖြစ်သင့်တဲ့ လောဘတစ်ခုဖြစ်သွားပြီဆိုတာ...
မင်းက အိမ်ထောင်သည်...
အမျိုးသမီးတစ်ယောက်နဲ့ ချစ်ချစ်ခင်ခင် နေထိုင်နေပြီ..
ဒါပေမယ့် ငါမုန်းတယ် joon...
ငါ....မင်းကိုလိုချင်နေတုန်းပဲ....
ငါအတ္တသိပ်ကြီးလွန်းတယ်..

ငါနားလည်တယ်......တစ်နေ့တော့ ငါ့အပြစ်အတွက် ငါပြန်ပေးဆပ်ရမယ်ဆိုတာ....
ဘုရားသခင်လား....
ဒါမှမဟုတ် လောကဓံလား.....
တစ်ခုခုပဲ
ငါကျေနပ်စွာလက်ခံမယ်...
ဒါပေမယ့် မင်းကိုတော့ ငါ ဘယ်တော့မှ.လက်မလွှတ်ဘူး...

.
.
.
.................reflection........
ကျွန်တော်သူမကို မခံချင်အောင်ပြောခဲ့မိလိုက်တယ်....
သေချာတာကတော့ မနက်ရောက်လို့ joonသာသိသွားခဲ့ရင် ကျွန်တော် သူရဲ့ အေးစက်တဲ့အကြည့်နဲ့ ရက်စက်တဲ့စကားလုံးတွေ နားထောင်ရတော့မယ်ဆိုတာ....
ဒီ့ထက်မကလည်းပိုချင်ပိုမှာပေါ့....

အချစ်လို့ပြောတဲ့နောက်မှာ တပ်မက်မှု့တွေ ကိန်းအောင်း နေတယ်ဆိုတာ ငါသိတယ်...
ငါ မင်းအထိအတွေ့မှာ ရစ်မူးချင်တယ်...
ခံစားချက်က ထိန်းချုပ်မရတဲ့အခါ ဆန်ကျင်ဘက်အတွေးတွေ တွေးမိကုန်တယ်...
ငါ ထပ်ပြီးဆင်ခြင်မယ်...
Joon...ပျော်ရွှင်ဖို့.......

.
မနက်အစောကြီး သူမ ရိုက်ကွင်းကိုထွက်သွားဖို့အတွက် အောက်ထပ်သို့ဆင်းလာသည်...
ကားတခါးဖွင့်ပေးတော့ သူမ မျက်စောင်းတစ်ချက်ထိုးကာ ကားပေါ်တက်သွားခဲ့၏။
တကယ်တော့သူမဘက်ကကြည့်ရင် မှန်တယ်
ဘာလို့ဆို ကို့ရဲ့ခင်ပွန်းနဲ့ တစ်ချိန်က ညိစွန်းခဲ့ဖူးတဲ့ လူနဲ့တစ်အိမ်ထဲနေပြိး မြင်တွေ့နေရတာဟာ သူ့အတွက်ခံပြင်းစရာကောင်းခဲ့မှာပဲ...

ကျွန်တော့အရိုအသေပေးပြီး joonရဲ့မနက်စာကို ကြိုတင်ပြင်ဆင်ထားလိုက်တယ်။
ခနနေဆို သူအောက်ထပ်ကိုဆင်းလာပြီးမနက်စာလာစားတော့မှာ...
ကျွန်တော်သိတယ် joonကအရက်သောက်ပြီးအိပ်ရင်ခေါင်းကိုက်တက်တယ်...
ဒါကြောင့်အမူးပြေဟင်းရည်ချက်ထားခဲ့တယ်။
သူ အခုရောကျွန်တော်ချက်ပေးတာကြိုက်ပါ့မလား...

Reflection//namjin//completedWhere stories live. Discover now