1.4K 200 17
                                    

ငါတို့တွေ့ဆုံခြင်းက ရိုးရှင်းသလို ငါတို့ချစ်ခဲ့တာလဲ ရိုးရှင်းတယ် joon...

အလုပ်သမားနဲ့ အလုပ်ရှင် ထားရမယ့်စည်းကိုချိုးဖောက်ခဲ့တဲ့ ငါတို့အချစ်က ထင်သလောက် ဆိုးရွားမှု့တွေပါလား...

ွှအချစ်ကိုမက်မောတယ်
မင်းအချစ်ကို အထူးသဖြင့် ပိုလိုချင်တယ်...
တစ်ခါတစ်လေ ပိုင်ဆိုင်ချင်တယ်
တစ်ခါတစ်လေ ပေးဆပ်ချင်တယ်..
မတူညီတဲ့ ချစ်ခြင်းပြောင်းလဲမှု့ကြားမှာ ငါပေးဆပ်ခဲ့တဲ့ အရာကိုမနှမြောခဲ့ဖူးဘူး...
ဘာလို့ဆို ငါ့ဘက်က ရာခိုင်နှုန်းပြည့်ချစ်ခဲ့တာမို့လိုပဲ
မင်းလဲ ငါနဲ့အတူထပ်တူညီပါစေလို့ ဆုတောင်းချင်တယ်

.
.
.
တစ်ယောက်အိပ်ကုတင်အပေါ်မှာ တင်းကြပ်စွာဖက်ထားပြီး သူ့လက်မောင်းပေါ်ထက် အနားယူလိုက်တယ်
ဒီအတောအတွင်း သူ့အနားမှာအနားမယူဖြစ်တာကြာခဲ့ပြီမို့လား...

သူနဲ့ဝေးကွာခဲ့တဲ့ အချိန်က အသက်မဲ့သလိုခံစားရတယ်.... သူတစ်ခုခုဖြစ်သွားမှာကြောက်တဲ့စိတ်က ညတိုင်းနီးပါးခြောက်လန့်နေခဲ့ရတယ်...
သူ့ကိုမစွန့်လွှတ်ချင်ဘူး...
သူ့ကို မနာကျင်စေချင်ဘူး...

အမှန်တရားရဲ့ အဆုံးသတ်ကို ငါကြိုတင်သိထားတယ် jin...
ငါ ဆက်မသွားရဲလို့ ရပ်တန့်ခဲ့တာ....

"မင်းတစ်ခုခုဖြစ်လာတယ်မလား...... joon??''

ပုခုံးကိုမှီထားရက်နဲ့ namjoonကပြန်မဖြေချင်သည်နှင့်တူသည်
ငြိမ်ပြီး ပြန်ဖြေခြင်းမရှိခဲ့...

"Joon????....ငါ...စိတ်ပူနေတယ်လေ...ငါ့ကို ဖုံးကွယ်ထားတာတွေရှိရင် ပြောပြပါတော့......''

ချစ်ခဲ့ဖူးတယ်....
ပေးဆပ်ခဲ့ဖူးတယ်...
လက်ရှိအချိန်မှာတော့ သူပဲနာကျင်ရဆုံးဖြစ်ခဲ့တယ်...

"ငါ....ကြောက်တယ်.....jin.....''

ပိုပြီးတင်းကြပ်လာတဲ့ ပွေ့ဖက်ထားမှု့နဲ့အတူ သူ့ငိုရှိုက်သံပါကြားလိုက်ရင်း seokjinတအံတသြ လှည့်ကြည့်မိတယ်....

"ငါ...မင်းကို ဆုံးရှုံးရမှာ အရမ်းကိုကြောက်တယ်.....hyung.....??''

"ဘလို....?? joon???မင်းဘာတွေပြောနေတာလဲ.....''

Reflection//namjin//completedDove le storie prendono vita. Scoprilo ora