Part9

207 12 0
                                    

ကျွန်တော်ချစ်သောဆရာမလေး🌷
အပိုင်း ၉

Chanyeol တယောက် အရူးတပိုင်း ဖြစ်ကာ hangul အနှံ့ baek ကိုရှာနေတာ ဒီနေ့နဲ့ဆို တလ ရှိဘီ ၊
သူသိပ်ချစ်ရသူရဲ့ အရိပ်တောင် ရှာမတွေ့ပါ ..

Oversea မှာ ရှာဖို့ကျတော့လဲ ကိုယ့်အပိုင်မဟုတ်ဘူးလေ ဘယ်နားသွားရှာမတုန်း?

ဘယ်လောက်ပင် ကမ္ဘာပတ်ဖူးခဲ့ပါစေ တရင်းတနှီးနေတဲ့ နေရာမဟုတ်လို့ ရှာဖို့ မလွယ်ကူဘူးမလား??

ဒီလိုနဲ့ အိမ်ပြန်မအိပ်ပေါင်းလဲများ ၊ hangul မှာရှိတဲ့ bar တွေ club တွေလဲ ကုန်ဘီ အမှန်တကယ် သူစိတ်ထွက်ပေါက်မရခဲ့ ..

ခါအီတို့ အိုဆယ်တို့လဲ ပင်ပန်းလှဘီ ၊ သူ့တွက်နဲ့ သူချစ်ရတဲ့ ဆဲမ်ကို ကိုယ်ဖိရင်ဖိ အပူတပြင်း လိုက်ရှာပေးကြသည် ။ ဒါမဲ့ သတင်းက ထူးမလာ ..

"ဟူးးး ဆဲမ်ရေ မင်းဘယ်မှာများပုန်းနေတာလဲကွာ .. ကျွန်တော်အရမ်းပင်ပန်းနေဘီ ..
အဲ့နေ့က ကျွန်တော့်ဆန္ဒကို လိုက်လျောပြီး ကျွန်တော်နဲ့အတူ ပျော်ခဲ့တာ ကျွန်တော့်ကို နှုတ်ဆက်ဖို့ ဖြစ်ခဲ့တာလား .. ဒါမြန်းသိရင် ဆဲမ်ကို အပိုင်သိမ်းလိုက်မိမယ် ထင်ပါရဲ့ !! "

Yeol တယောက် အတွေးတွေ တစ်စစ လွန်ကဲကာ မျက်ရည်တို့သည်လဲ ခွင့်မတောင်းပဲ စီးကျလျက်ပင်။
(အရင်ချိန်တွေကို သူ့အနေနဲ့ သိပ်ကို တောင်းတမိတာ နားလည်ပါနိုင်တယ် သာသာလဲ 😔)

Kai : yeol ..အခြေနေ ?

Yeol : အခြေနေက... ငါတနေ့တခြား mental hospital နဲ့နီးလာတာပဲ သိတယ် 😔

Kai : ဟာ... အဲ့လိုမဖြစ်လိုက်ပါနဲ့ကွာ ..အချစ်စစ်ရင် ပြန်ကို တွေ့ပါတယ် ချန်းညောလ်ရာ မင်းစိတ်ကို တင်းထားပါ ..

Sehun : ဟုတ်တယ် ၊ ငါတို့လဲ အပူတပြင်း ရှာပေးနေတာပဲ ၊ ငာတို့လဲ မပင်ပန်းလို့ မင်းလဲ ပင်ပန်းတဲ့ပုံ မပြပါနဲ့ကွာ...

Yeol : အင်းပါကွာ ၊ ငါ့ဆီမှာ မင်းတို့ရှိတာ ငါတကယ်အားရှိပြီး ဝမ်းသာတယ် ၊ ကျေးဇူးပါ GU တို့ရာ :((
~~~~~~~~~~~~~~~~~~~~~~~~~
Baek တယောက် သူမ မကျွမ်းကျင်တဲ့ ကုမ္ပဏီအလုပ်တွေနဲ့ လုံးပန်းနေတာ တလရှိသွားဘီ ၊ ချစ်သူကို သတိရတဲ့စိတ်တွေက မိန်းခလေးတယောက်အဖို့ ခံနိုင်ရည် မရှိပေမဲ့ သူမ အလုပ်တွေသာ ကြိုးစားသင်ယူရင်း ဖြတ်သန်းလိုက်ပါတယ် .. သို့သော် လွမ်းတဲ့စိတ်က အလေးသာနေလေရဲ့ ..

ကျွန်တော်ချစ်သောဆရာမလေး 🌷Where stories live. Discover now