Part6

203 10 0
                                    

ကျွန်တော်ချစ်သောဆရာမလေး🌷
အပိုင်း၆

Yeol : သိပ်ချစ်တယ် ဆဲမ်ရယ် ...

Sam : cha..cha..chanyeolrra !!

သူမ တားပါသေးတယ် သို့သော် chanyeol အနမ်းတွေက သူမရဲ့ နာကျင်နေမှု ချမ်းခိုက်နေမှု ကို သက်သာစေတာ အမှန်ပင်.. ခနနေတော့ သူမ သတိဝင်လာကာ yeol အားတွန်းဖယ်လိုက်လေတယ်.. သူမ ရှက်ပြီး ခေါင်းငုတ်နေလိုက်တယ်..yeol က သူမမေးစေ့လေးအားကိုင်ကာ မော့စေပြီး သူမအား ရီဝေသောအကြည့်ဖြင့် ညှို့ငင်လေတယ် ..
သူမ ရင်တွေတုန်လိုက်တာ ... ဒီကလေး အကြည့်အောက်က သူမ ရုံးထွက်ဖို့ အားမရှိပါ..

Sam : yarr.. Chanyeol မင်းအသက်ဘယ်လောက်ရှိဘီလဲ ..

Yeol : nae ? ဂျော်.. ဂျော်ရော် ?? နှစ်ဆယ့်.. နှစ်ဆယ့်သုံးပါ ..ဘာလို့လဲဟင် ??

Sam : ငါနဲ့ မင်းအသက် သိပ်မကွာဘူးဆိုပြီး မခန့်လေးစားလုပ်တာလား ??

Yeol : ဟစ် ဟစ် .. မဟုတ်ရပါဘူးဗျာ .. ဆဲမ်ကို ကျွန်တော် ..

Sam : တော် .. တော် !! ဆက်မပြောနဲ့တော့ ငါ အိမ်ပြန်တော့မယ် ..လိုက်ပို့ ..

Yeol : ခနလေးနေပါအုံး ဆဲမ်ရယ် .. ဆဲမ်နဲ့နေရတာ ကျွန်တော် ဝတောင် မဝသေးဘူး .. :(((

Sam : အော် .. ငါက မင်းရဲ့ အသုံးတော်ခံလားဟဲ့ !!

Yeol : ဟာဗျာ အဲ့လိုမပြောပါနဲ့ ကျွန်တော် ဆဲမ်က်ု ဘယ်လောက်မြတ်နိုးလဲ ဆဲမ်အကုန်မသိနိုင်ပါဘူး .. ။
ဆဲမ် ......

Sam : ဘာတုံး !

Yeol : အရမ်းချစ်တယ် ..

Sam : အို .. မင်းဒာပဲ ပြောနေတော့မှာလား

Yeol : တသက်လုံးကို နေ့တိုင်း အချိန်တိုင်းပြောချင်ခဲ့တာပါ ... ကျွန်တော့်ကိုယုံပါ ..

Sam : ငါ ပြောပြီးသားလေ .. မင်းကို ..

Yeol လက်ချောင်းလေးက ဆဲမ်ရဲ့ နှုတ်ခမ်းပါးလေးက ထွက်လာမဲ့ စကားတွေကို ရပ်တန့်စေလိုက်ပြီးးး

Yeol : အပြတ် မငြင်းလိုက်ပါနဲ့ဆဲမ်.. မလုပ်လိုက်ပါနဲ့ .. ကျွန်တော့်ကို ကြိုးစားခွင့်ပေးပါ.. ကျွန်တော်က ပေါ့ပျက်တဲ့သူတယောက်မဟုတ်သလို အရမ်းချစ်တတ်တဲ့ ကောင်ပါ .. ကျွန်တော့်ကို စဉ်းစားပေးပါ .. တောင်းပန်ပါတယ် .. နော် ဆဲမ်..

ကျွန်တော်ချစ်သောဆရာမလေး 🌷Onde histórias criam vida. Descubra agora