Part11

219 9 0
                                    

ကျွန်တော်ချစ်သော ဆရာမလေး🌷
အပိုင်း ၁၁
(Sweet mm 💖💖)

Yeol : " ဟင် ..bae ... Baek ရေ.. ဘယ်မှာလဲ .. Bae !!!"

Baek : " ဘာဖြစ်နေတာလဲ ဒီလောက် အာပြဲ လျှာပြဲနဲ့ 😤"

" ဟီးး ကိုယ့်ကို ထားသွားပြန်ဘီလားလို့ 😁 "

" ထားသွားစရာလားးး ဒီက သူနိုးရင် စားဖို့ တခုခုလုပ်ပေးနေတာကို .. "

" ဟာ..တကယ် ?? ချစ်လိုက်တာကွာ မသိရင် တကယ့် ယူပြီးကာစ မောင်နှံတွေ ကျနေတာပဲ "

လို့ပြောတော့ baek မျက်စောင်းလေးထိုးလိုက်သည် ၊ ထိုအခါ yeol က မျက်လုံးလေးမှိတ် အောက်နှုတ်ခမ်းကိုကိုက်ပြီး ရင်ဘတ်ကို လက်နဲ့ဖိလိုက်သည် .. (Baek မျက်စောင်းက မြှားတစင်းလို သူ့ရင်ဘတ်ကို လာစိုက်တယ်ပေါ့!) 😏

" ဒါနဲ့ ဘာမှလဲ ရေခဲသေတ္တာထဲမရှိပါလားးး ဘာမှသာမရှိတယ် မက်ဂျူတွေက အပြည့် !! "

" ဟီးးး ဟုတ်သားးး "

" မဟီးးနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ မက်ဂျူမန်းဖြစ်နေအုံးမယ် "

" ဖြစ်ပါဘူးး အဲ့တာတွေကလဲ bae မရှိတုံးက ဒီမှာလာပြီး ဒါတွေနဲ့ စိတ်ဖြေနေရတာ အိမ်တောင်ပြန်မအိပ်ဘူး "

" chanရယ် မင်းတော်တော်ဆိုးတာပဲ :(( "

" bae ကို ချစ်လွန်းလို့ ရူးမတတ်ဖြစ်ခဲ့ရတယ် ၊ တရက်မှတောင် မေ့မရသလို ၊ တခါမှလဲ နာကျည်းတဲ့ စိတ်မဝင်ခဲ့ဘူး "

" chan ရယ် .. "

လို့ပြောကာ chanyeol အား သူမ ပွေ့ဖက်လိုက်သည်၊ chan ကလဲ သူမခားလေးအား ကိုင်ပြီး စားပွဲပေါ် ချီတင်လိုက်သည် ၊ နောက် သူမအား ရီဝေဝေစိုက်ကြည့်နေလိုက်သည်၊ သူမ မနေတတ်မျက်နှာလွှဲလိုက်တော့မှ baek မျက်နှာလေးအား အသာယာ ဆွဲလှည့်ပြီး baek နှုတ်ခမ်းလေးကို ဖိနမ်းလိုက်တယ် ၊ baek လဲ မျက်လုံးလေးမှိတ်ကာ ပြန်နမ်းလိုက်သည် ၊ သူ့နှုတ်ခမ်း ထူထူကြီးက သူမ နှုတ်ခမ်းပေါ်မှာ အပြည့် နေရာယူအုပ်မိုးထားသည် ..

Chanyeol က သူမ အောက်နှုတ်ခမ်းလေးအား ကိုက်လိုက်တာကြောင့် ..

" အ . အ .. အွန့် ! 😳"

baek အော်လိုက်တာကြောင့် သူမ နှုတ်ခမ်းလေးမှတဆင့် အသံမထွက်အောင် သူ့လျှာဖျားလေးနဲ့ တိုးဝင် ပိတ်ပင်လိုက်သည် ..

ကျွန်တော်ချစ်သောဆရာမလေး 🌷حيث تعيش القصص. اكتشف الآن