Act 5 : How I feel about You

8.3K 1.1K 309
                                    


Bossကို စိတ်ကြိုက်ကန်ကျောက် ထိုးကြိတ်ခဲ့ပေမဲ့
အလုပ်တော့သွားမှဖြစ်မည်ဟု Baekhyunမှတ်
သည်။

နောက်ပြီး မနေ့ညနေကဖြစ်သွားသည့်ကိစ္စမှာ သူ့အမှား
ဟူ၍မြူတမှုန်စတောင်မမှား။

ဒါတွေအားလုံး Bossဆိုသည့်အကောင် နှုတ်ခမ်း
သရမ်းလို့ဖြစ်ရတာချည်းပင်။

မှန်ပေါ်မှာသပ်ရပ်သားနားစွာပေါ်နေသည့်ကိုယ့်ပုံရိပ်
ကိုကိုယ် တဝကြည့်လိုက်ပြီး အားပေးကာBaekhyun
အိမ်ပြင်ထွက်ခဲ့သည်။

"ဟော်……… Baekhyunee "

Oh My God… Boss Park Chanyeolက
Baekhyunလက်ထဲမှာ တကယ်သေချင်နေပြီလား!

Baekhyunထိုးလွှတ်လိုက်သည့်မေးရိုးနေရာမှာ
ပလာစတာအသစ်ကပ်ထားသည်ကား လတ်လတ်
ဆတ်ဆတ်ပင်ရှိသေးသည်။

လူကတော့ ပြုံးချိုလျက် ၂၄နာရီတောင်မပြည့်သေးပဲ
Baekhyunရှေ့ပေါ်လာပြန်သည်။

"ကိုယ် မင်းကိုလိုက်ပို့မလို့"

ခပ်စူးစူးစိုက်စိုက်တချက်ကြည့်လိုက်ပြီး Bossကိုလျစ်လျူ
ရှုကာ Baekhyunကိုယ့်ကားပေါ်ကို တက်လိုက်
သည်။

ထပ်ချပ်မခွာလိုက်လာသည့်အနှီကားအဖြူရောင်ကြီးကို
Baekhyunစိတ်ရှိလက်ရှိဖျက်ဆီးပစ်လိုက်ချင်ပါ၏။

"ငါ တချက်တည်းထိုးလိုက်တာ နည်းများနည်းသွား
လို့လား?"

အလိုမကျပြောလိုက်သောစကားသံသည် ဖုန်းဝင်လာ
သည့်အသံမှာပြတ်တောက်သွားသည်။ မနက်စောစော
စီးစီးခေါ်ဆိုသူမှာ သူငယ်ချင်းကောင်းလေးLuhan…။

"အေး ပြောဘာလဲ! လာခေါ်ရဦးမှာလား"

"အင်းးးပေါ့လို့"

"မင်းဘဲကြီးကိုလိုက်ပို့ခိုင်းပါလား။ ငါက မင်းဒရိုင်ဘာလား"

နဂိုမကြည်သည့်စိတ်အခံဖြင့်ဆူဆောင့်ပြောလိုက်သော်
လည်း ကားကိုLuhanတို့အိမ်ဘက်ကွေ့လိုက်ပြီဖြစ်၏။

ကွေ့ရင်းမှနောက်ကြည့်မှန်သို့ကြည့်လိုက်မိသေးသည်။
Bossကားသည် တစက္ကန့်မှအလွတ်မခံပဲ လိုက်ကွေ့လာ
လေ၏။

"ေ-ာကို ငါ့ဘဲပါလား 😒"

"ဒီအခြေအနေလောက်ဆို မင့်ရည်းစားလို့ပြောလို့ရနေ
ပြီ ဟေ့ကောင်"

Notice : We are in a relationship Where stories live. Discover now