Act 8.5 : A moment

7.5K 1K 86
                                    

စိုစွတ်ပူနွေးနေခဲ့သော နှုတ်ခမ်းဖျားတို့သည် ရုတ်တ
ရတ်လစ်ဟာသွားလေခြင်းကြောင့် Chanyeol
စိတ်ကသိကအောက်ဖြစ်သွားရသော်လည်း ရင်ခွင်ထက်
မှီကျလာကာငြိမ်သက်သွားသူကောင်လေးကိုငုံ့ကြည့်ပြီး အစိုးမရသည့်စိတ်တို့ကို တတ်စွမ်းသလောက်ချုပ်ထိန်း
လိုက်သည်။

"babe ကိုယ်တို့အခန်းထဲဝင်ကြမယ်နော်"

"ခင်ဗျား ကျွန်တော့်ကို ဘာတွေကြံစည်မလို့လား ။
မရပါဘူးနော် ။ လုံးဝမရဘူး"

ရင်ခွင်ထဲမှနေမော့ကြည့်ပြီး ခေါင်းတခါခါ လည်တခါခါဖြင့် ဇွတ်ငြင်းနေသောကောင်လေးကြောင့် Chanyeol မှာ ကပျာကယာငြင်းရပြန်ပါသည်။

-ဒီကောင်လေး လူကိုဘာထင်နေတယ်မသိ"

Chanyeol ငြင်းဆန်လေတော့ အကောင်လေး
မှာအော်ဟစ်နေရာမှတိတ်သွားပြန်သည်။ ထို့နောက် Chanyeol ခါးကိုတိုးဖက်လာကာ ရင်ခွင်ကျယ်
ထက်ခေါင်းမှီတင်ပြီး

"ပြီးရင် ခင်ဗျားကကျွန်တော့်ကို ပစ်သွားဦးမှာ"

"ဟင် Baekhyunee ဘာပြောလိုက်တာ?"

မျက်နှာလေးကို ပင့်မော့ကြည့်ဖို့ပေမဲ့ ကောင်ဆိုးလေးသည် အကြည့်မခံပဲ Chanyeol ရင်ခွင်ထဲမှာသာမျက်နှာအပ်ထားဆဲအပ်ထားမြဲ။ ကြားလိုက်ရသည့်မသဲကွဲစကားသံကို သိချင်စိတ်ပြင်းပြရသော်လည်း နီတာရဲလေးကို ဖိအားမပေးလိုသည့်အတွက် မချင့်မရဲလေးသာ
ပွေ့ဖက်ထားမိသည့်အခါ

"ခင်ဗျားကို ကျွန်တော့်ဘ၀ထဲ ၀င်ခွင့်ပေးလိုက်ရင် ခင်ဗျားက ထပ်ပစ်သွားမှာ ထပ်ရှောင်သွားမှာဆိုးတာ"

ထိုစကားအဆုံးမှာ Chanyeol ရင်ထဲနွမ်းလျကြသွားပြီး သူ့ရင်ခွင်မှာ ကွယ်ဝှက်ထားသည့် မျက်နှာကလေးကို အမိအရပင့်မော့ကြည့်မိသည်။

နီရဲဖူးကြွနေသည့် မျက်နှာကလေးသည် Chanyeol အားနည်းချက်ဖြစ်ပေတော့မည်။ ကလေး၏စကားကိုကြားရပြီးနောက် Chanyeol ကိုယ့်ကိုကိုယ် အပြစ်တင်မဆုံးဖြစ်ရကာ နူးညံ့လွန်းပါသည့် ပါးပြင်ဖွေးဖွေးကို ညင်သာစွာထွေးပွေ့၍ ရီဝေနေသည့် မျက်ဝန်းလေးများကို
စိုက်ကြည့်မိလျက်

Notice : We are in a relationship Where stories live. Discover now