❦ O.N.E ❦

12.6K 832 46
                                    

အနှစ်​အနှစ်​အလလ လက်​တွဲမြဲလို့ ချစ်​သက်​ကြာရှည်
ခဲ့ပြီး​နောက်​   ခမ်းနားဝင့်​ထည်​လှတဲ့မင်္ဂလာပွဲကျင်းပ
ုခဲ့သည်​  ။  ဆယ်​ဟွန်းဟာ   ဥက္ကဋ္ဌကြီးဆို​သော
အကြီးအကဲပုဂ္ဂိုလ်​ဖြစ်​​ပေမဲ့  မင်​​ဆော့က​တော့ သူ့ဆန္ဒ
သူ့သ​ဘောထားအရ အရင်​အလုပ်​လုပ်​ခဲ့တဲ့ဋ္ဌာနမှာတင်
အလုပ်​ပြန်​ဝင်​ခဲ့သည်​  ။ မင်​​​ဆော့၏သ​ဘောဆန္ဒဆိုရင်
ဆယ်​ဟွန်းဟာ   ဝင်​မတားမြစ်​ ။  သ​ဘောရှိ​ဆောင်
ရွက်​ပါခင်​ဗျာ  ဆိုပြီးရွှတ်​​နောက်​​နောက်​ပင်​စခဲ့​သေး၏။

သည်​က​နေ့. ရုံးတက်​ကာ  ဋ္ဌာနမှာအလုပ်​ပြန်​ဝင်​ခဲ့၏။

"   ကျွန်​​တော်​   ​​လုပ်​​ပေးပါ့မယ်​    "

" အို   မဟုတ်​တာ  အစ်​မဘာသာပဲလုပ်​လိုက်​ပါ့မယ်​"

အရင်​တုန်းကဆို  ​ကော်​ဖီထ​ဖျော်​ခိုင်းတတ်​တဲ့စီနီယာ
အစ်​မကြီးက. အခုဆို  မင်​​ဆော့ကိုမခိုင်းဝင့်​​တော့ ။
ကုမ္ပဏီ၏ဥက္က​ဋ္ဌကြီးလက်​ထပ်​ယူထားတဲ့ ​ကောင်​​လေး
ကို   သူ ခိုင်းဝင့်​ပါ​တော့မလား ။  စီနီယာတ​ယောက်
ဖြစ်​​နေတာ​တောင်​  သူ့ကိုရိုရိုကျိုးကျိုးပင်​ဆက်​ဆံသွား
၏  ။ ဋ္ဌာနက စီနီယာ​တွေကလဲ  အရင်​နဲ့မတူ အကုန်
ပြောင်းလဲကုန်​ကြသည်​ ။ သူ့ကိုဆို  ဘာအလုပ်​မှ
မခိုင်းကြ​တော့  ။ သူ့ကိုယ်​သူ​တောင်​ ဋ္ဌာနထဲမှာ လူပို
တ​ယောက်​လို့​တောင်​  ထင်​လာမိသည့်​အထိ ။ 

"   ဟူး   အ​နေရ​တောင်​ခက်​လာပြီ   "

စိတ်​ပျက်​လက်​ပျက်​နဲ့.  ​နောက်​မှီကို​​လျော့ရဲရဲမှီထိုင်
လိုက်​ကာ   ညည်းတွားသံပြုလိုက်​​တော့ ​ဘေးခုံက
ဂျင်​ဝူးကရယ်​သည်​  ။ ကွန်​ပျုတာမျက်​နှာပြင်​ကိုအကြည့်
လွှဲ ၊ လက်​​တွေကလဲကီးဘုတ်​​ပေါ်မှာလှုပ်​ရှား​နေရာ
က​နေ. ရပ်​တန့်​သွားပြီး  မင်​​ဆော့ကို​စောင်းငဲ့ကြည့်​လာ
၏  ။

" ငါသာ  မင်း​နေရာမှာဆို ​ပျော်​​ပျော်​ကြီး​နေပစ်​မှာ "

" မ​နေချင်​ပါဘူး  ငါ့စိတ်​ကိုလဲမင်းအသိပဲ အလုပ်​မလုပ်
ရဘဲ အ​ချောင်​မ​နေနိုင်​ပါဘူး  "

C . A.  F.  M. [ Marriage's Sweetness ]♥ Where stories live. Discover now