❣ F I V E ❣

4.1K 595 20
                                    


" ဆယ်ဟွန်းရား  ဆယ်ဟွန်း ငါနေကောင်းပါတယ်ဆို
ကွာ    ဆယ်ဟွန်းရား  "

မနက်အိပ်ယာနိုးနိုးချင်း ကိုယ်ပူနွေးနွေးနဲ့ ခေါင်းမကြည်
တဲ့ကိစ္စကြောင့် အလုပ်သွားဖို့ကို ဆယ်ဟွန်းက ခွင့်ပြုမ
ပေးတော့ ။ ခဏနေရင် သက်သာသွားပါလိမ့်မယ်လို့ အကြိမ်ကြိမ်ပြောနေတာကြောင့် ခေါင်းတခါခါနဲ့ လုံးဝ
ကို ခွင့်ပြုမလာပေးတော့ ။ နဖူးပေါ် ခဏခဏလက်
ရောက်လာတတ်ပြီး အဖျားခဏခဏလာစမ်းကြည့်ရ
သည်က အမော ။ နောက်ကနေ တကောက်ကောက်နဲ့
အလုပ်သွားချင်ပါတယ်လို့ ပြောနေတာတောင် သူက
နားမဝင်နိုင်ဘဲ ဆရာဝန်ကိုဖုန်းဆက်ခေါ်တော့သည် ။

"  ဆယ်ဟွန်းကကွာ ဒီလောက်နဲ့ ဆရာဝန်ခေါ်စရာ
လား   "

" ခေါ်ရမှာပဲ!  ကိုယ့်မိသားစုဆရာဝန်က ဆေးကုပေး
ဖို့ထားထားတာ နည်းနည်းဖြစ်စေများများဖြစ်စေ ကိုယ်
ကတော့ ဆရာဝန်ခေါ်ရမှာပဲ ၊ အခု ကိုယ်ပူနွေးနွေး က
နေ ပိုဆိုးလာရင် ဘယ်လိုလုပ်မလဲ "

ဟော ကြည့်!  လူကို မျက်မှောင်ကြုတ်ကာကြည့်လာပြီး
လေသံက ဆူပူနေသယောင် မာဆတ်ဆတ် ။ မျက်နှာ
တခုလုံး ရှုံ့ တွကာ ဆယ်ဟွန်းရှေ့မှာ မတ်တပ်ရပ်နေ
လိုက်တော့မှ သူက မျက်နှာထားပြောင်းကာ ချော့ချော့
မော့မော့ ပြောယူလာပြန်သည် ။

" အချစ်ကကွာ!  ခေါင်းမမာပါနဲ့ ကိုယ်ပြောတာလေးကို
နားထောင်ပေးပါ နော် ဒီနေ့တရက်တော့ အလုပ်မသွား
ဘဲ နားနားနေနေ နေလိုက် "

လူကို ကုတင်ပေါ်ပွေ့ချီမတတ်တင်ပေးပြီး လှဲအိပ်ခိုင်း
ပြန်သည် ။ သူနဲ့ကျမှ လူလဲ လူမမာလုံးလုံးကြီးကိုဖြစ်
လို့နေသည် ။ အဲ့တာကြောင့် ကိုယ်ပူနွေးနွေးဖြစ်လာ
ရင်တောင် ဆယ်ဟွန်းကို မပြောပြချင်တာ ။ဆယ်ဟွန်း
ရဲ့အရမ်းစိုးရိမ်ကြီးတတ်တဲ့ပြသာနာက ဘယ်လိုမှနား
ဝင်အောင်ဖြေရှင်းပြလို့မရနိုင် ။

ဆရာဝန်လာပြီး သေချာစမ်းသပ် ၊ သောက်ဆေးပေးပြီး
နားနားနေနေနေဖို့ပြောသွားလေတော့ ဆယ်ဟွန်း အ
တွက် အခွင့်ကောင်းပင် ။ သူ့အနေနဲ့က ဒီနေ့ကုမ္ပဏီမှာ
အရေးကြီးတဲ့အစည်းအဝေးရှိတာမို့ မသွားမဖြစ် ဖြစ်နေ
လေတော့ ကိုယ့်ကို မေမေတို့ဆီပို့ဖို့ စီစဉ်ပြန်သည် ။

C . A.  F.  M. [ Marriage's Sweetness ]♥ Where stories live. Discover now